ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်၍ တောင်သူတစ်ဦး နေရာ၌ပင်သေဆုံး

ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်၍ တောင်သူတစ်ဦး နေရာ၌ပင်သေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ လယ်ကိုင်းရွာတွင် ယမန်နေ့ နိုဝင်ဘာ ၁၃ ရက် ည ၁၁နာရီခန့်က စစ်ကောင်စီတပ်မှ သေနတ်ဖြင့်ပစ်ခတ်၍ ကိုဖိုးဖြူဆိုသူ တောင်သူ အမျိုးသားတစ်ဦး နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း အနီး၀န်းကျင်ရှိ ဒေသခံများထံမှ သိရသည်။

"ကိုဖိုးဖြူက သာမန်တောင်သူဗျ။ PDFနဲ့ရော တော်လှန်ရေးနဲ့ပါ လုံးဝပတ်သက်ခြင်း မရှိဘူးဗျ။ ဘေးအိမ်ကို စစ်ခွေးတွေလာဝိုင်းတာကို သူခိုးဖမ်းနေကြတယ်ထင်ပြီး ဓာတ်မီးနဲ့ လမ်းပေါ်ထွက်ရာမှာ သေနတ်နဲ့ ပစ်ခံရတာဗျ" ဟု ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသွားသူ၏ ဘေးအိမ်နီးချင်း ကိုမောင်ဌေးအိမ်၌ ဧည့်သည်လာတည်းသည်ဟုဆိုကာ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ကိုသိန်းဆောင်ဆိုသူက စစ်ကောင်စီတပ်ထံ လူစိမ်းများရောက်နေသည်ဟုသတင်းပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကွက်သစ်ရပ်နေ ကိုဖြိုး နှင့် အင်းကုန်းရွာနေ ကိုစိုးမြတ်လွင် ဆိုသူတို့က PDF များရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်များ ခေါ်ဆောင်လာ၍ နေအိမ်တစ်ခုကို လာဝိုင်းချိန်တွင် ကိုဖိုးဖြူက ထွက်ကြည့်ရာမှ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် " စစ်ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ ကမောင်ဌေးအိမ်ဝိုင်းရမှာကို ဘေးအိမ်က ကိုအောင်လွင်အိမ်ကို စစ်ခွေး အယောက် ၃၀၊ ၄၀လောက်က မှားပြီးလာဝိုင်းတဲ့အချိန်မှာ သူခိုးဖမ်းတယ်ထင်ပြီး ကိုဖိုးဖြူက ထွက်ကြည့်တာကို စစ်ခွေးတွေက နောက်ကနေပစ်တော့တာပဲ။ သေနတ်သံအချက်၄၀လောက် ကြားရတယ် "ဟု ဒေသခံများက ဆိုသည်။

ကိုဖိုးဖြူမှာ အခင်းဖြစ်သည့်နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကာ ယနေ့ နိုဝင်ဘာ ၁၄ရက်တွင် သင်္ဂြိုဟ်မည်ဟုသိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားသည့် ကိုဖိုးဖြူ မှာ အသက် ၃၃နှစ်အရွယ်ဖြစ်ပြီး သားတစ်ယောက်ကျန်ကာ လာမည့်နွေရာသီတွင် ရှင်ပြုပေးရန် စီစဉ်ထားသည်ဟု နီးစပ်သူထံမှ သိရသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...