ရွာထဲတပ်စွဲခိုင်းမည်ဆိုသည့် ဆရာတော် ဆွမ်းဘုဉ်းပေးနေစဉ် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

ရွာထဲတပ်စွဲခိုင်းမည်ဆိုသည့် ဆရာတော် ဆွမ်းဘုဉ်းပေးနေစဉ် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာမှ ရွာတွင်စစ်တပ်ကိုခေါပြီး တပ်စွဲခိုင်းမည်ဆိုကာ ကျေးရွာသားများအား ခြိမ်းခြောက်သူဟု နာမည်ထွက်နေသည့် ကျောင်းထိုင်ဆရာတော် ဦးသောဘဏ ဆွမ်းဘုဉ်းပေးနေစဉ် သေနတ်ဖြင့်ပစ်သတ်ခံရကြောင်းသိရသည်။

နိုဝင်ဘာလ ၁၁ ရက်က နေ့လယ်ခင်း ဆွမ်းဘုဉ်းပေးစဉ် ဦးခေါင်းသေနတ်ဖြင့် ပစ်ခတ်ခံရကာ ထိုနေရာ၌ပင် ပျံလွန်တော်မူသွားခြင်းဖြစ်သည်။

“ဘုန်းကြီးက ရွာကိုစစ်သားတွေလာပြီဆိုရင် သူကိုယ်တိုင် ဦးဆောင်ချက်ပြုတ်ပြီး ကျွေးမွေးတာ၊စစ်သားတွေသောက်ချင်စားချင်ပြီဆိုရင်လည်း ဟိုအိမ်ကဟိုဟာပေး ဒီအိမ်ကဒါပေးဆိုပြီး ပြောတာ၊ လွန်ဆန်တဲ့ အိမ်နောက်ရက် စစ်တပ်ကဝင်မွှေတာခံရတာပဲ” ဟု အမည်မဖော်လိုသည့် ဒေသခံက ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဝမ်းတွင်းမြို့အနောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ သဲတောလေးကျေးရွာသို့ စစ်ကားတစ်စီးဖြင့် စစ်တပ်မှစတင်ဝင်ရောက်လာခြင်းဖြစ်သည်။

ထို့နောက် နိုဝင်ဘာလ ၁၁ ရက် မနက်တရားဟောချိန် တရားနာသူများအား စစ်တပ်အား "တပ်စွဲခိုင်းလို့ရတယ်"ဟု ခြိမ်းခြောက်ခဲ့ပြီး‌နောက် နေ့လယ်ဆွမ်းဘုဉ်းပေးစဉ် သေနတ်ပစ်ခံရခြင်းဖြစ်သည်။

“ဒီဘုန်းကြီးက နာမည်ကြီးတယ်။ မြို့ပေါ်မှာမိန်းမတွေဘာတွေလည်းရှိတယ်တဲ့။ အဲနေ့က တရားဟောတော့ ထည့်ပြောတာ၊ ခုစစ်တပ်လာတာ နည်းနည်းပဲရှိသေးတယ်။ ရုတ်ရုတ်လုပ်ရင် ရွာထဲမှာ တပ်စွဲခိုင်းလိုက်မယ်ဆိုပြီးပြောတာ” ဟုအဆိုပါဒေသခံကပြောသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...