မအူပင်ရဲတပ်ဖွဲ့ ရိုက်နှက်၍ ကိုယ်ဝန် ၂ လရှိသည့်အမျိုးသမီးသေဆုံး

မအူပင်ရဲတပ်ဖွဲ့ ရိုက်နှက်၍ ကိုယ်ဝန် ၂ လရှိသည့်အမျိုးသမီးသေဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် ကိုယ်ဝန် ၂ လရှိသည့်အမျိုးသမီးကို သူခိုးဟု ရဲတပ်ဖွဲ့က စွပ်စွဲရိုက်နှက်စစ်ဆေးစဉ် ၎င်းအမျိုးသမီးမှာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၉ ရက်နေ့တွင် မအူပင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုဦးစီးမှူးတစ်ဦး၏ နေအိမ်၌ ရွှေထည်နှင့် ငွေသားအချို့ ပျောက်ဆုံးခဲ့ရာ နေအိမ်တွင် လာရောက်လုပ်ကိုင်နေသော စည်ပင်နေ့စားဝန်ထမ်းနှင့် ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင် မတင်မော်လင်းတို့ကို စွပ်စွဲ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မတင်မော်လင်းနှင့် အမျိုးသားဖြစ်သူကို တစ်နေရာစီ ခွဲကာ ရိုက်နှက် စစ်ဆေးစဉ် မတင်မော်လင်း အသက်ဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ ရဲက သူ့ဘာသာ အတက်ရောဂါ ရှိလို့သေတာ၊ ဆေးရုံပါ တင်ပေးသေးတယ်လို့ ဆိုပြီးတော့ လိမ်ပြီး သတင်းထုတ်ထားတယ်။ ရဲထဲကပဲ သတင်းတွေ ပြန်ထွက်လာတာက သူတို့ရိုက်စစ်တာ ဟိုက ကိုယ်ဝန်နဲ့ ဆိုတော့ မခံနိုင်ဘဲ သေတာတဲ့။ ရဲတွေက အရက်မူးပြီး တစ်ယောက်တစ်လှည့် ရိုက်တာ။ တားတဲ့သူက တားတာတောင် မရဘူးလို့ စခန်းထဲကပဲ သတင်းပြန်ထွက်လာတာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

မတင်မော်လင်းကို ယနေ့ နိုဝင်ဘာလ ၁၂ ရက် နေ့လယ် ၁ နာရီတွင် နာရေးပို့ဆောင်ရန် ကြိုတင်စီစဉ်ခဲ့သော်လည်း ရဲတပ်ဖွဲ့က သတင်းပျံ့နှံ့မည်ကို စိုးရိမ်သည့်အတွက် နံနက်အစောပိုင်း ကတည်းက သင်္ဂြိုဟ်ခိုင်းခဲ့သည်ဟုလည်း ဒေသခံက ပြောသည်။

“တစ်နာရီဆိုလို့ သွားစောင့်ကြည့်နေတာ။ နာရေးကား မတွေ့တာနဲ့ မသိမသာ လိုက်မေးတော့ အစောကြီးထဲက လူမသိအောင် သင်္ဂြိုဟ်ပြီးသွားပြီလို့ သိရတာ။ သူ့ယောကျ်ားကိုတော့ ဖမ်းထားတုန်းပဲ။ သူ့မှာက ကိုယ်ဝန် နှစ်လနဲ့။ လူလတ်ပိုင်း အရွယ်လေးတွေ ” ဟု ဒေသခံက ပြောသည်။

အခင်းဖြစ်စဉ် အကြောင်းရာနှင့် ပတ်သက်၍ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...