ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကယ်ကို တစ်ဦးထက်ပိုမစီးရန် လိုက်လံကြေညာနေဟုဆို

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဆိုင်ကယ်ကို တစ်ဦးထက်ပိုမစီးရန် လိုက်လံကြေညာနေဟုဆို

ရန်ကုန်တိုင်းရှိ ကော့မှူးမြို့နယ်နှင့် သုံးခွ မြို့နယ်တွင် ဆိုင်ကယ်ကို တစ်ဦးထက်ပိုမစီးရန် လိုက်လံကြေညာ‌နေကြောင်း ဒေသခံများထံက သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် နို၀င်ဘာလ ၁၀ရက် ညနေပိုင်းက ယင်းကဲ့သို့ လိုက်လံကြေညာနေကြောင်း ကော့မှူးဒေသခံတစ်ဦး ကပြောသည်။

"မနေ့က ညနေပိုင်းမှာ အုပ်ချုပ်ရေးမှူးတွေက ဆိုင်ကယ်ကို တစ်ဦးထက်ပိုမစီးဖို့ ကျေးရွာအချို့မှာ လိုက်ကြေညာတယ်။ ဆိုင်ကယ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုနေသူများတဲ့ မြို့နယ်မှာ အခုလို လိုက်ကြေညာတာဆိုတော့ အများစုက မကြိုက်ကြဘူး။ မစဥ်းစားမတွေးခေါ်ဘဲ ကြောက်ပြီးထုတ်တဲ့ အမိန့်တွေပါ။ အခြေခံလူတန်းစားတွေရဲ့ ထမင်းအိုးကို ရိုက်ခွဲသလိုဖြစ်နေတယ်" ဟု ၄င်းက ပြောသည်။

ကော့မှူးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည့် တိုက်ခိုက်မှုနှင့် ပေါက်ကွဲမှုဖြစ်စဥ်များတွင် ဆိုင်ကယ်အသုံးပြုပြီး လုပ်ဆောင်သည်ဟုဆိုကာ ယင်းကဲ့သို့ ကြေညာခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

အလားတူ သုံးခွမြို့ရှိ YBS 34 ယာဥ်လိုင်းဂိတ် ကြေညာသင်ပုန်းတွင်လည်း " ၁၁.၁၁.၂၀၂၁ ရက်မှစ၍ မော်တော်ဆိုင်ကယ်များ နှစ်ဦးမစီးရန် အများသိရှိရန် အသိပေးအပ်ပါသည် " ဟု ရေးသားထားသည့် ဓာတ်ပုံ လူမှုကွန်ရက်ပေါ်တွင် ယမန်နေ့ ညနေပိုင်းက ပျံ့နှံ့ခဲ့သေးသည်။

" ၃၄ ကားဂိတ်ရဲ့ ကြေညာသင်ပုန်းမှာ မနေ့က ညနေပိုင်းက ရေးထားတာပါ။ အပြင်က ကြားလာတဲ့ သတင်းကို ယာဥ်မောင်းတွေ သိအောင် ကြေညာတယ်လို့တော့ ကြားတယ်။ ဒီနေ့မနက်တော့ အဲဒီကြေညာဆိုင်းဘုတ် မရှိတော့ဘူး။ ဆိုင်ကယ်လိုင်စင်ဖမ်းတာတော့ ရှိနေတယ်။ နှစ်ယောက်စီးလို့ဆိုတာထက် အကုန်စစ်ဆေးပြီးကို ဖမ်းနေတာ " ဟု သုံးခွဒေသခံက ပြောသည်။

ဆိုင်ကယ်ကို တစ်ဦးထက်ပိုမစီးရန် လိုက်လံကြေညာနေခြင်းကြောင့် ဆိုင်ကယ်အသုံးပြုနေသည့် ပြည်သူများသွားလာရေးတွင် ခက်ခဲမှုများဖြစ်လာနိုင်သကဲ့သို့ ဆိုင်ကယ်ကယ်ရီဆွဲကာ အသက်မွေးဝမ်းကြောင်းပြုသူများအနေဖြင့် စားဝတ်နေရေးခက်ခဲလာမည်ကို စိုးရိမ်နေကြသည်။

တွံတေးမြို့နယ်တွင်လည်း အလားတူကြေညာချက်မျိုး ထုတ်ပြန်ထားသည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် မဇ္စျိမအနေဖြင့်သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...