မောင်တောနယ်စပ်တိုက်ပွဲဖြစ်ပွားမှု AA အတည်ပြု၊ လက်ရှိအချိန်ထိစစ်ရေးတင်းမာနေပြီး ကြားဝင်ညှိနိုင်းမှုများပြုလုပ်နေဟုဆို

မောင်တောနယ်စပ်တိုက်ပွဲဖြစ်ပွားမှု AA အတည်ပြု၊ လက်ရှိအချိန်ထိစစ်ရေးတင်းမာနေပြီး ကြားဝင်ညှိနိုင်းမှုများပြုလုပ်နေဟုဆို

မောင်တောမြို့နယ် မြောက်ပိုင်းတွင်  ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ အကြား နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက အတည်ပြု ပြောဆိုပြီး လက်ရှိ အချိန်ထိ  စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ကာ ကြားဝင်ညှိနိုင်းမှုများ

 ပြုလုပ်နေဆဲဟု ဆိုသည်။

“ မနေ့က မောင်တောမြို့နယ်မြောက်ပိုင်းဝေလာတောင်ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ တပ်ဖွဲ့တွေရှိတဲ့ နေရာ ဖြစ်တဲ့ တမန်းသားရွာနဲ့ ရေနောင်းငါးသားရွာကြား၊ အဲဒီနေရာကို မြန်မာစစ်တပ်ဘက်က ဝင်ရောက်လာတဲ့အတွက်ကြောင့်မို့ မိနစ်အနည်းငယ်ကြာလောက် တိုက်ပွဲ ထိတွေ့မှုဖြစ်တာရှိတယ်ဗျ” ဟု ဦးခိုင်သုခက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှုအခြေအနေများအား အသေးစိတ်မသိရှိရသေးကြောင်း ၄င်းက ဆက်ပြောသည်။

“နောက်ပြီးလို့ ရှိရင်အဲဒီကိစ္စနှင့် ပတ်သက်ပြီးတော့ကြားခံလူတွေကတဆင့် ညှိ့နှိုင်းနေကြတာတော့ ရှိတယ်။ အခုအချိန်ထိကတော့ အဲဒီဒေသတဝိုက်မှာ နှစ်ဖက် တပ်တွေကြားမှာတော့ စစ်ရေးတင်းမာ နေတုန်းအခြေအနေပဲရှိတယ်ဗျ” ဟု ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး နစကကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အာဆာ( ARSA) အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ပြောဆိုကြောင်း RFA တွင် သတင်းဖော်ပြထားသည်။

မနေ့က တိုက်ပွဲမှာ မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ရွာရဲ့ အရှေ့တောင်ဘက် မီတာ ၂၀၀၀ လောက်တွင် ဖြစ်ပွားခဲ့ပြီး  ရက္ခိုင့်တပ်တော် (AA)နဲ့ ဖြစ်ပွားခဲ့ခြင်း  မဟုတ်ဘဲ ARSA အဖွဲ့ဝင် ၃၀ လောက်နဲ့ ဖြစ်ပွားခဲ့သည်ဟု ပြောဆိုခဲ့ဟု ဆိုသည်။

၎င်းတိုက်ပွဲမှာ ၁၀ မိနစ်လောက် ကြာပြီး စစ်တပ်ဘက်ကလည်း စစ်သည်တချို့ ဒဏ်ရာ ရရှိခဲ့သည်ဟု  ဗိုလ်ချုပ် ဇော်မင်းထွန်းကို ကိုးကားပြီး RFA သတင်းတွင် ဖော်ပြထားသည်။

မောင်တောမြောက်ပိုင်း ဒေသခံများက  ဒီတိုက်ပွဲဟာ တမန်းသားကျေးရွာနဲ့ ရေနောက်ငါးသား ကျေးရွာ အနီးမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်စဉ်မှာ  အေအေနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊  လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်သံတွေကိုလည်း ကြားခဲ့ရကြောင်း ပြောဆိုထားသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် အတွက် ဒေသခံတွေ အကြားတွင်   စိုးရိမ်မှုမြင့်တက်နေသည်ဟုလည်း ပြောဆိုကြသည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...