ချမ်းမြသာစည်မြို့နယ်တွင် စစ်ကောင်စီတပ် စီးနင်းရှာ ဖွေပြီး အမျိုးသမီး ၃ ဦးကို ဖမ်းဆီးသွား

ချမ်းမြသာစည်မြို့နယ်တွင် စစ်ကောင်စီတပ် စီးနင်းရှာ ဖွေပြီး အမျိုးသမီး ၃ ဦးကို ဖမ်းဆီးသွား

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့သစ် အောင်သာယာရပ်ကွက်အတွင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၀ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းရှာ‌ဖွေပြီး အမျိုးသမီး သုံးဦးကိုဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“သုံး ယောက်ဟုတ်ပါတယ်။ တစ်အိမ်တည်းနေကြတဲ့ အမျိုးသမီးတွေချည်း သုံးယောက်ပါ။ မနက်မိုးတောင် မလင်းသေးဘူး ဝင်ဖမ်းတာပါ။ ဒလန်ကောင်နဲ့ စစ်သားတွေနှစ်ဆယ်လောက်ရှိမယ် ထင်တယ်။ ရပ်ကွက်ထဲလည်းအတော် မွှေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်အစောပိုင်း ၅ နာရီဝန်းကျင်က အောင်သာယာရပ်ကွက်အတွင်းရှိ နေအိမ်အများစုကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း၊ မှားယွင်း သတင်းပေးမှုကြောင့် ရပ်ကွက် စီးနင်းခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတချို့က သုံးသပ်နေကြသည်။

“ကျွန်တော်သိသလောက်တော့ ဒီဘက်မှာလှုပ်ရှားတက်ကြွမရှိဘူး။ အခုဟာက ဒလန်က သတင်းမှားပေးတယ် ထင်တယ်။ ဒလန်အသတ်ခံရတဲ့ကိစ္စတွေကြောင့် လျှောက်ရမ်းနေတာများလား မသိဘူး” ဟု ဒေသခံနောက်တစ်ဦးက ဆိုသည်။

အနည်းဆုံးအင်အား နှစ်ဆယ်နီးပါး ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့သည် ၁၀၈ လမ်း လမ်းသွယ်၊ ၄၅ လမ်းနှင့် ၄၆ လမ်းကြားရှိ နေအိမ်တစ်အိမ်မှ အမျိုးသမီးသုံးဦးအား ဖမ်းဆီးသွားခြင်းဖြစ်ပြီး၊ မည်သည့်နေရာသို့ ဖမ်းခေါ်ဆောင်သွားသည်ကို ယခုအချိန်ထိ မသိရသေးကြောင်း ဒေသခံများကပြောသည်။

အဆိုပါ ရပ်ကွက်တွင် စစ်ကောင်စီသတင်းပေးဒလန် ဆိုသူများ ပစ်ခတ်ခံရ၍ သေဆုံးသွားသည့်ဖြစ်ရပ် သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ဖူးသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...