ရန်ကုန်တက္ကသိုလ် နည်းပြသစ်ခန့်အပ်ပွဲကို ပါချုပ်များက ရဲအစောင့်အရှောက်များဖြင့် တက်ရောက်

ရန်ကုန်တက္ကသိုလ် နည်းပြသစ်ခန့်အပ်ပွဲကို ပါချုပ်များက ရဲအစောင့်အရှောက်များဖြင့် တက်ရောက်
ရန်ကုန်တက္ကသိုလ် ရှေ့မျက်နှာစာမြင်ကွင်း။ (ပုံဟောင်း)
ရန်ကုန်တက္ကသိုလ် ရှေ့မျက်နှာစာမြင်ကွင်း။ (ပုံဟောင်း)

ရန်ကုန်တက္ကသိုလ်တွင် အသစ်ခန့်အပ်သော သရုပ်ပြ နည်းပြ ၇၆ယောက် ခန့်အပ်ကြိုဆိုပွဲကို ပါချုပ်များမှ ရဲအစောင့်အရှောက်များဖြင့် တက်ရောက်ခဲ့ကြသည်ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။

အဆိုပါပွဲကို နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းနှင့် ဒုတိယပါမောက္ခချုပ် (စီမံ) ဒေါက်တာ ခင်ခင်ချစ်တို့က တက်ရောက်မိန့်ခွန်း ပြောခဲ့သည်ဟု သိရသည်။

ထို့အပြင် နေ့လယ် ၃ နာရီကျော်အချိန်တွင် အဆိုပါ ပါချုပ်များက ကျောင်းထဲမှ ပြန်သွားကြပြီး ၎င်းတို့၏ ကားအရှေ့အနောက်တွင် လက်နက်ကိုင်ဆောင်ထားသည့် ရဲအင်အား အများအပြားလိုက်ပါ သွားကြသည်ကို တွေ့မြင်ခဲ့ရသည်။

ရန်ကုန်တက္ကသိုလ်မှ ဝန်ထမ်းတစ်ဦးက '' ပါချုပ်တွေကို ရဲကားတွေက လိုက်စောင့်ရှောက်ကြတာ။ ဒီနေ့ နည်းပြအသစ်တွေအတွက် သင်တန်းဖွင့်ပွဲလေ။ ပါချုပ်တွေက ခဏပဲ လာမိန့်ခွန်းပြောကြတာပါ''ဟု ပြောသည်။

အသစ်ခန့်အပ်ထားသည့် နည်းပြများမှာ နိုဝင်ဘာလ ၅ ရက်မှစတင်၍ အလုပ်ဝင်ကြခြင်း ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့ နေရာအချို့တွင်လည်း လုံခြုံရေးများ ပိုမိုတင်းကျပ်ထားပြီး လမ်းမများ၌ သွားလာနေသည့်ရဲကားများပေါ်တွင် ရဲများက သေနတ်များကို လမ်းမပေါ်သို့ ချိန်ရွယ်ထားကြကာ ကားခေါင်မိုးထဲသို့ ၎င်းတို့၏ ခေါင်းကိုတိုးဝင်၍ သေနတ်ဖြင့် အရှေ့လမ်းမပေါ် ချိန်ရွယ်ထားသည့် ရဲများကိုလည်း မြင်တွေ့ခဲ့ရသည်။

အဆိုပါ မြင်ကွင်းကို မြင်တွေ့ခဲ့ရသူတစ်ဦးက “သူတို့ရဲအချင်းချင်းတောင် မယုံတဲ့ပုံစံတွေကို တွေ့ရတယ်။ ရဲကားရပ်ပြီး မီးပွိုင့်မှာရှိတဲ့ရဲကို မြင်တာတောင်သေနတ်ကို အဲ့ရဲဘက် လှမ်းချိန်ထားတာ။ ပြီးတော့ လမ်းမှာလည်း တွေ့သမျှကား မြင်သမျှလူတိုင်းကို သေနတ်တွေနဲ့ချိန်ပြီး သွားနေကြတာ" ဟုပြောသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...