ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်၊ မိသားစုဝင်များ အိမ်ငှား နေထိုင်နေရ

ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်၊ မိသားစုဝင်များ အိမ်ငှား နေထိုင်နေရ

ကျုံပျော်မြို့ရှိ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်းပြီး မိသားစုဝင်များကို နေအိမ်မှ ဖယ်ရှားခဲ့သဖြင့် ဝန်ကြီးချုပ်ဟောင်း၏ မိသားစုဝင်များမှာ အိမ်ဌားနေထိုင်ရသည်ဟု ကျုံပျော်မြို့ ဒေသခံများက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ သေနတ်ကိုင်ထားသည့်ပုံများ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လာပြီး‌နောက် စစ်ကောင်စီက မိသားစုဝင်များကို ဖိအားပေး ခြိမ်းခြောက်ခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

“ဟုတ်တယ်။ ချိပ်ပိတ်လိုက်တာ။ အဖိုး(မန်းဂျော်နီ) ရဲ့ သားနဲ့ ချွေးမက အခု ညောင်ပင်သာ ရပ်ကွက်ထဲမှာ အိမ်ငှားနေရတယ်။ ပစ္စည်းတွေတောင် အဖိုးတန်တဲ့ ပရိဘောဂတွေ သယ်လို့ မရဘူးလို့ပြောတယ်။ မိသားစုကိုလည်း ခြိမ်းခြောက်တာတွေ အရမ်းလုပ်ထားတော့ သူတို့လည်း သတိနဲ့ နေနေရတယ်”လို့ မန်းဂျော်နီ မိသားစုနှင့် ဆက်စပ်သော မိတ်ဆွေတစ်ဦးက ပြောပါတယ်။

မန်းဂျော်နီသည် ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ကျုံပျော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု အဖြစ် ရွေးချယ်ခံရပြီး ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် ၂ နှစ်ခွဲကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရသူ ဖြစ်သည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...