လွတ်မြောက်ပြီးမှ ပြန်လည်ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်အထိရှိ

လွတ်မြောက်ပြီးမှ ပြန်လည်ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်အထိရှိ

စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများထဲမှ လွတ်မြောက်ပြီးနောက်ပိုင်း စစ်ကောင်စီ၏ ပြန်လည်ဖမ်းဆီးခြင်းကိုခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၁၀ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရသိရသည်။

စစ်ကောင်စီက ထိုသို့ပြန်လည်ဖမ်းဆီးနေသည့်အတွက် လွတ်ြမောက်လာပြီးနောက်တိမ်းရှောင်နေရသူများလည်းရှိပြီး ပြန်လည်ဖမ်းဆီးခံရသူအရေအတွက်မှာလည်း ယခုစာရင်းထက်ပိုများနိုင်ကြောင်း AAPP က အောက်တိုဘာလ ၂၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဖမ်းဆီးထားသူများကို လွှတ်ပေးပြီးမှ ပြန်လည်ဖမ်းဆီးခြင်းမှာ လွတ်မြောက်လိုသည့်မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ခြင်းဖြစ်သည်ဟု AAPP က ဆိုသည်။

“လွတ်မြောက်ပြီး ထောင်ဗူးဝရောက်မှ ထပ်မံဖမ်းဆီးခံရခြင်း ဒါမှမဟုတ် မိသားစုနဲ့ နာရီပိုင်းလောက်နေပြီး ထပ်မံဖမ်းဆီးခံရခြင်းဟာ ကာယကံရှင်နိုင်ငံရေးအကျဉ်းသားကိုသာမက မိသားစုကိုပါ ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေရစေပါတယ်။ တနည်းအားဖြင့် အဲဒီလုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ညှင်းပင်းနှိပ်စက်မှုပင်ဖြစ်တယ်” ဟု AAPP က ထုတ်ပြန်ထားသည်။

ဆန္ဒပြမှုကြောင့် အရေးယူခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/သူ (၁၃၁၆) ဦးနှင့် တရားစွဲဆိုခြင်းခံနေရသူ (၄၃၂၀) ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန် အောက်တိုဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီမှ ထုတ်ပြန်လိုက်သည်။

အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသည့် အကျဉ်းသား/သူ ၁၃၁၆ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သော်လည်း၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျုးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ရှိသောပြစ်ဒဏ်များကို ဆက်လက်ကျခံရမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီမှလွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများမှာ နောက်ကြောင်းပြန်ပြစ်ဒဏ်ဆိုသည့် နှောင်ကြိုးဖြင့်သာ လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် အကျဉ်းထောင်အတွင်းမှ လွှတ်ပေးခဲ့သော်လည်း စစ်မှန်သောလွတ်မြောက်ခြင်းမဟုတ်ကြောင်း AAPP ကဆိုသည်။

“အဲဒီလုပ်ရပ်ဟာ လူသားမဆန်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် AAPP အနေနဲ့ ကျူးလွန်သူစစ်အုပ်စုကို ပြင်းထန်စွာရှုံ့ချလိုက်တယ်” ဟု ဆိုသည်။

AAPP အနေဖြင့် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတစ်ဝှမ်းဖမ်းဆီးခံထားရသူအားလုံး လွတ်မြောက်ရေးနှင့် စစ်ကောင်စီအားအပြစ်အပေးအရေးယူမှု ပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းသွားမှာဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း စစ်ကောင်စီကို ထိရောက်စွာအရေးယူမှုဆောင်ရွက်ရန် တိုက်တွန်းထားသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ အောက်တိုဘာလ ၂၂ ရက်နေ့ အထိ ရက်ပေါင်း (၂၆၄) ရက်တာကာလအတွင်း စစ်အာရှင်ဆန့်ကျင်မှုကြောင်း ဖမ်းဆီးခံရသူ ၉၁၅၁ ဦးနှင့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များ သတ်ဖြတ်မှုကြောင့်သေဆုံးသူ ၁၁၈၆ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ကောက်ယူထားသည့် စာရင်းများအရသိရသည်။

 
 

 

 

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...