ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ကျေးရွာရှိ မိုင်တဲဆက်သွယ်ရေးတာဝါတိုင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ကို ယနေ့ အောက်တိုဘာ ၂၀ ရက် နံနက် ၂ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ဆိုသည်။

နှစ်ဘက် အပြန်အလှန် ၁၅ မိနစ်ကြာ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ ၎င်းတို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု PPDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သား ငါးဦးကျဆုံးသည်ဟု PPDF ဘက်က ပြောဆိုသော်လည်း ယင်းကျဆုံးစာရင်း အသေးစိတ်ကို မဇ္ဈိမက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

“မနက်က ပစ်သံတွေကြားတယ်ဗျ။ တာဝါတိုင်နားက လုံခြုံရေးယူနေတဲ့ စစ်သားတွေကို လာပစ်တာလို့သိရတယ်။ အထိအခိုက်တော့ရှိတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် သစ်ပုတ်ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် ပိတ်ဆို့ရှာဖွေနေကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...