NCA သက်တမ်း (၆) နှစ်တာကာလအတွင်း မျှော်မှန်းထားသည့် ရလဒ်များမရရှိခဲ့ကြောင်း PPST ပြောကြား

NCA သက်တမ်း (၆) နှစ်တာကာလအတွင်း မျှော်မှန်းထားသည့် ရလဒ်များမရရှိခဲ့ကြောင်း PPST ပြောကြား

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည်မှာ ၆ နှစ်ပြည်ခဲ့ပြီဖြစ်သော်လည်း တိုင်းရင်းသားများမျှော်မှန်ထားသည့် ရလဒ်များမရရှိခဲ့ကြောင်း လက်မှတ်ရေးထိုးထားသော လက်နက်ကိုင် (၁၀) ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST မှ ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ပြောကြားလိုက်သည်။

NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ဖြင့် စတင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ကပါ ရေးထိုးခဲ့သည့်အတွက် NCA မှာ တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့ ပါဝင်လာခဲ့သည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ NCA လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။

NCA ၆ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ဒီမိုကရေစီနှစ်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူများကို မျှော်မှန်းထားသလောက် မရရှိခဲ့ကြောင်းကြောင်း ဦးဆောင်အဖွဲ့ PPST က ယနေ့ကျရောက်သည့် ၆ နှစ်ပြည့်နေ့မှာ ထုတ်ပြန်ပြောကြားသည်။

ယင်းအပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာလုပ်ငန်းများနှင့် ကြားကာလအစီအစဉ်တို့ကို အကောင်အထည်ဖော်ရာတွင်လည်း ထိုက်သင့်သလောက် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

အားလုံးပါဝင်ရေးမူကိုအခြေခံသည့် NCA စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံး ပါဝင်နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းမှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အားနည်းချက်တစ်ရပ်ဖြစ်သည်ဟု အပစ်ရပ် ၁၀ ဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာတည်ရှိနေခဲ့သည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးယဉ်ကျေးရွာမှုအသစ်ဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ကြိုးပမ်းရာ၌ အခက်အခဲစိန်ခေါ်မှုများ ရင်ဆိုင်တွေ့ကြုံခဲ့ရပြီး ယင်းအတွေ့အကြုံများသည်ပင် တိုင်းပြည်၏နိုင်ငံရေးပြဿနာဖြေရှင်းရေးအတွက် အထောက်အကူပြုမည်ဟုယုံကြည်ကြောင်း PPST ၏ ထုတ်ပြန်ချက်မှာပါရှိသည်။

 

နိုင်ငံတော်အာဏာကို စစ်ကောင်စီကသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ PPST အဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာလည်း လုံးဝရပ်တန့်ခဲ့သည်။

လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းများနှင့် နိုင်ငံအတွင်းပဋိပက္ခများကို မိမိတို့ချမှတ်ထားသည့် ရေရှည်တည်ငြိမ်ငြိမ်းချမ်း၊ သာယာဝပြောဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအပါအဝင် နိုင်ငံရေးရည်မှန်းချက် (၇) ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု အပစ်ရပ်လက်နက်ကိုင် ၁၀ ဖွဲ့က ပြောကြားထားသည်။

စစ်ကောင်စီမှ အာဏာသိမ်းယူခဲ့သည့်အချိန်မှစ၍ နိုင်ငံတဝှမ်းက ဖမ်းဆီးထိန်းသိမ်းခံရထားသော ပြည်သူလူထုများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး လက်ရှိဖြစ်ပေါ်နေသည့့် နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှင်းကြရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို PPST တိုက်တွန်းထားသည်။

 
 

 

 

ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...
DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...