ရခိုင်တွင် သစ်တောဖုံးလွှမ်းမှုဧရိယာ နည်းပါးလာသည်နှင့်အမျှ လူမှုစီးပွားရေးလည်း ထိခိုက်မှုရှိလာနေ

ရခိုင်တွင် သစ်တောဖုံးလွှမ်းမှုဧရိယာ နည်းပါးလာသည်နှင့်အမျှ လူမှုစီးပွားရေးလည်း ထိခိုက်မှုရှိလာနေ

ရခိုင်ပြည်နယ်တွင် သစ်တောဖုံးလွှမ်းမှုဧရိယာများ နည်းပါးလာနေသည်နှင့်အမျှ ပြည်သူများ၏ လူမှုစီးပွားရေးအပေါ်တွင် သက်ရောက်မှုများစွာ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်မှာ ကမ်းရိုးတန်းဒေသတစ်ခုဖြစ်သည့်အတွက် ရေလုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားနေရသောကြောင့် သစ်တောများပြုန်းတီးလာသည်နှင့်အမျှ ရာသီဥတုဖောက်ပြန်ခြင်း၊ သားငါးပုဇွန် ရှားပါးလာခြင်းတို့ကို ကြုံတွေ့နေရပြီဖြစ်ကြောင်း ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အမ်းမြို့နယ်ဒေသခံတစ်ဦးဖြစ်သူ ကိုမျိုးလွင်ကဆိုသည်။

“ပုဇွန်မွေးဖို့အတွက် ဒီရေတောတွေကိုသုံးပစ်လိုက်တယ်။ အရင်က အများပိုင်ဖြစ်တဲ့နေရာတွေကို ကာရီ (တာ) တွေဆည်ပြီး လူနည်းစုပိုင်လိုမျိုးလုပ်ပစ်လိုက်ကြတယ်။ ဒီတော့ ဒီရေတောမရှိတော့ ငါးတွေပုဇွန်တွေကလည်း အရင်ကလောက်မရကြတော့ဘူး။ မိုးလေဝသတွေဆိုရင်လည်း အရင်လိုမမှန်တော့ဘူး” ဟု ၎င်းကပြောသည်။

ထို့အတူ ဓညဝတီတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးအသင်း(မြောက်ဦးမြို့) ဥက္ကဋ္ဌဖြစ်သူ ဦးစိုးနိုင်ကလည်း ယခင်ဆယ်စုနှစ်နှင့်နှိုင်းယှဉ်ပါက လက်ရှိတွင် ရာသီဥတုမှာ သိသိသာသာဖောက်ပြန်လာနေပြီး မိုးရွာသွန်းမှုမှာလည်း ပုံမှန်မရှိတော့ကြောင်းဆိုသည်။

“အရင်ဆယ်စုနှစ်နဲ့ယှဉ်ရင် အခုနှစ်တွေမှာ ရာသီဥတုက တော်တော်ဆိုးလာတယ်။ ကျွန်တော်တို့ရခိုင်မှာက မိုးကိုအဓိကထားပြီး စိုက်ပျိုးရတာဖြစ်တယ်။ မိုးမမှန်ဘူးဆိုတာနဲ့ ကျွန်တော်တို့လယ်သမားတွေမှာ တော်တော်ဒုက္ခရောက်ရပါတယ်။ အခုဆိုရင် ရာဟုလေ (အနောက်မြောက်ဘက်မှတိုက်သောလေ) တွေ ဟာလည်း အရင်လိုမတိုက်တော့ဘူး။ ကျွန်တော်တို့ လယ်သမားတွေက ဒီရေကိုကြည့်ပြီး မိုးကိုမှန်းကြရတာပါ” ဟု သူကရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က သစ်တောဖုံးလွှမ်းမှု ဧရိယာ ၅၆ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ကောက်ယူခဲ့သောစစ်တမ်းများအရ သစ်တောဖုံးလွှမ်းမှုဧရိယာမှာ ၄၈ ဒသမ ၁၁ ရာခိုင်နှုန်းသာရှိတော့ကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့ဆီမှာက တစ်နှစ်ထက်တစ်နှစ် လူဦးရေေတွေကလည်းတိုးလာတယ်။ တိုးလာတာနဲ့အမျှ သစ်တောကြိုးဝိုင်းတွေထဲမှာ တိုးချဲ့နေထိုင်လာကြတယ်။ နောက်ပြီး လူတွေရဲ့စားဝတ်နေရေးအတွက် စားကျက်မြေတွေကိုလည်း တိုးလာကြတယ်။ တစ်ချိန်တုန်းကလည်း အလွန်အကျွံသစ်ထုတ်ခဲ့တာတွေ၊ ကျူးကျော်တောင်ယာတွေ၊ သတ္တုတူးတာတွေ၊ သစ်ခိုးတာတွေကြောင့် သစ်တောဧရိယာတွေဟာ တဖြည်းဖြည်းနည်းပါးလာနေရတာပါ” ဟု ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင်က ဆိုသည်။

လက်ရှိတွင် သစ်တောဖုံးလွှမ်းမှုဧရိယာများ ပြန်လည်တိုးတက်လာစေရေးအတွက် ကြိုးပြင်ကာကွယ်တောများ၊ ကြိုးဝိုင်းကာကွယ်တောများ၊ သဘာဝနယ်မြေများဖော်ဆောင်ကာ ဆောင်ရွက်လျှက်ရှိကြောင်းလည်း ၎င်းကပြောသည်။

သို့သော် ထိုသို့ဆောင်ရွက်ရာတွင်လည်း နယ်မြေလုံခြုံရေးအရ မသွားရောက်နိုင်သည့်နေရာများလည်းရှိနေသဖြင့် အချို့လုပ်ငန်းစဉ်များမှာ ကြန့်ကြာမှုများရှိနေကြောင်းလည်း ဦးဇော်ဇော်အောင်ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်တမ်းများအရ အိမ်နီးချင်းနိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှုဧရိယာများ တိုးလာနေသော်လည်း မြန်မာနိုင်ငံတွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကြောင်း စစ်တမ်းများအရ သိရသည်။

 
 

 

 

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...
AA Info Desk (ဩဂုတ်လ ၁၁ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို လေကြောင်း တိုက်ခိုက်မှု)
August 17, 2026
စစ်အုပ်စုတပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရခိုင်နှင့်...