အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီတချို့ တွေ့ဆုံပွဲ နောက်ဆုတ်

အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီတချို့ တွေ့ဆုံပွဲ နောက်ဆုတ်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ဘရူးနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရွန်ယူစွတ်နှင့် မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပါတီတချို့ ယနေ့အောက်တိုဘာလ ၁၂ ရက်နေ့တွင် တွေ့ဆုံမည့်အစီအစဉ်အား နောက်ဆုတ်လိုက်ရကြောင်း ဆွေးနွေးပွဲတက်ရောက်မည့် နိုင်ငံရေးပါတီများထံမှ သိရသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီတချို့ကို ယနေ့ မွန်းလွဲပိုင်းအချိန်၌ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးတွင် တွေ့ဆုံရန်စီစဉ်ထားသော်လည်း အဆိုပါတွေ့ဆုံပွဲမှာမလုပ်ဖြစ်ဘဲ နောက်ဆုတ်လိုက်ရကြောင်း တက်ရောက်မည့်ပါတီတစ်ခုဖြစ်သည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

“နောက်ဆုတ်လိုက်တယ်လို့သိရတယ်။ ဘာကြောင့်နဲ့တော့ မသိ့ဘူး။ ခရီးစဉ်ဖျက်တာလား။ နောက်ဆုတ်တာလားဆိုတာကိုတော့ မပြောတက်ဘူး”ဟု ၎င်းကပြောသည်။

ယင်းအပြင် အာဆီယံအထူးကိုယ်စားလှယ်ဘက်မှ မြန်မာနိုင်ငံကို လာမည့်ခရီးစဉ်အားဖျက်လိုက်ခြင်း ဟုတ်၊မဟုတ်နှင့်ပတ်သတ်ပြီး အတိအကျမသိရှိရသေးကြောင်း တက်ရောက်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဘဏ္ဍာရေးမှူး ဒေါက်တာစိုင်းကျော်ညွန့်ကပြောသည်။

အာဆီယံ သံတမန်အသိုင်းအဝိုင်းမှလာသည့် သတင်းများအရ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့လာရောက်မည့် အစီအစဉ်ကို လေယာဉ်ပေါ်တက်မည့် နောက်ဆုံးမိနစ်တွင်မှ ဖျက်လိုက်ခြင်းဖြစ်ကြောင်းသိရသည်ဟု ဧရာဝတီသတင်းဌာနမှ ဖော်ပြချက်အရ သိရသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) စသည့် နိုင်ငံရေးပါတီ (၈) ပါတီနှင့် တွေ့ဆုံဆွေးနွေးရန်စီစဉ်ထားကြောင်း သိရသည်။

အာဆီယံအထူးကိုယ်စားလှယ် အာရွန်ယူစွတ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် သြဂုတ်လ ၄ ရက်နေ့တွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ယနေ့အောက်တိုဘာလ ၁၂ ရက်နေ့တွင်ပြုလုပ်သည့် PPST အစည်းအဝေးတွင် အာဆီယံအထူးကိုယ်စားလှယ်နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန်ညှိနှိုင်းနေကြောင်း ပြောဆိုသည်။

 

 
 

 

 

(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...