စစ်အာဏာသိမ်းပြီးနောက် ရှမ်းနီတိုင်းရင်းသားများ၏ လက်ဖက်စိုက်ခင်းများတွင် တရားမဝင်ရွှေတူးဖော်မှုပြုလာ

စစ်အာဏာသိမ်းပြီးနောက် ရှမ်းနီတိုင်းရင်းသားများ၏ လက်ဖက်စိုက်ခင်းများတွင် တရားမဝင်ရွှေတူးဖော်မှုပြုလာ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရှမ်းနီတိုင်းရင်းသားများ၏ လက်ဖက်စိုက်ခင်းများတွင် ရွှေမျှောတူးဖော်မှုများတွင် ကျယ်စွာလုပ်ကိုင်မှုများ ပြုလုပ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရှိ နောင်ပင်၊ မိုင်းဝယ်၊ ဆယ်နှိုင်း၊ မိုင်းတောင်း စသည့်ကျေးရွာများရှိ လက်ဖက်စိုက်ခင်းများတွင် တူးဖော်နေကြသည်ဟု ဒေသခံများက ပြောဆိုသည်။

“နောင်ပင်မျက်စောင်းထိုး မိုင်းဝယ်၊ ဆယ်နှိုင်း အဲ့ဘက်က လက်ဖက်ကုန်းတွေလည်း ကုန်နေပြီတဲ့တူတယ်ဗျ၊ စက်ယန္တရားကြီးတွေနဲ့ တိုက်နေတာ၊ နောင်ပင်ရဲ့  အောက်ဘက်မှာလည်း မိုင်းတောင်းဆိုတဲ့ရွာရှိတယ်ဗျ၊ ကုမ္ပဏီတစ်ခုကတော့သိတယ်။ သူတို့ရွာသစ်တည်ထားတဲ့ နေရာကနေ လက်ဖက်ကုန်းတွေထိလည်း ကုန်နေပြီပြောတယ်“ ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

ရွှေမျှောလုပ်ကိုင်သူများသည် လက်ဖက်စိုက်ခင်းများကို ဝယ်ယူပြီး တစ်နိုင်တစ်ပိုင်မှ စက်ယန္တရားကြီးများဖြင့် အာဏာသိမ်းပြီးနောက် ပိုလုပ်ကိုင်လာခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေသခံများက ဒီလက်ဖက်စိုက်ခင်းများတွင် ရွှေမျှောလုပ်ကိုင်နေမှုများကို တားဆီးချင်နေကြသော်လည်း လက်ရှိကာလအနေအထားအရ အခက်အခဲရှိနေကြောင်း ပြောဆိုကြသည်။

“ဒီလက်ဖက်ခင်းတွေပျောက်ရင် ဒေသခံရှမ်းနီတွေ မြေပျောက်တာနဲ့ မထူးတော့ဘူး၊ ရွှေမျှောတွေက တိုက်ပြီးပြန်သွားတာ၊ ဒေသခံက ဘာမှပြန်စိုက်မရ၊ ပျိုးမရနဲ့ ခွကျကုန်ရော၊ ပြီးတော့ ရေဝေရေလဲကုန်းတွေဆို အောက်ဘက်မှာရှိတဲ့ လယ်တွေအတွက်ပါ ထိရော” ဟု ရှမ်းနီလူငယ် စိုင််းဆေခမ်းဖက ပြောသည်။

ဟုမ္မလင်းမြို့နယ်တွင် လက်ဖက်စိုက်ပျိုးထားသည့် ကျေးရွာအုပ်စု ၃၃ စုရှိပြီး ရှေးယခင်ကတည်းက ရှမ်းနီတိုင်းရင်းသားများ စိုက်ပျိုးထားခဲ့ခြင်းဖြစ်သည်။

“ရွှေမျှောလုပ်ငန်းကြီးထွားလာတာနဲ့ ဒါကိုမှီခိုပြီး စားသောက်တဲ့သူတွေလည်းရှိလာမှာပေါ့၊ သို့သော်လည်း ဒီလက်ဖက်ခင်းတွေ ဒီတောတောင်ရေမြေသဘာဝ ဘိုးဘွားမိဘတွေများ တွင်ခုတ်လုပ်ခဲ့တဲ့ ဒီလက်ဖက်ခင်းတွေကို ပျက်စီးသွားတာဆိုရင် နှိုင်းယှဉ်လို့ရမှာမဟုတ်ပါဘူး” ဟု နောင်ပင်ဒေသခံ တစ်ဦးကပြောကြားသည်။

ဟုမ္မလင်းမြို့နယ်တွင် လက်ဖက်စိုက်ပျိုးသည့် ဧက ၈ ထောင်ကျော်ရှိပြီး စိုက်ပျိုးသည့်တောင်သူ နှစ်ထောင်ကျော်ရှိသည်။

 
 

 

 

ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...