နိုင်ငံတော်မှ ဝန်ထမ်းများအား ထုတ်ချေးထားသော လစာနှစ်လစာ ယခုလကုန် ပြန်ဆပ်ရမည်ဟုဆို

နိုင်ငံတော်မှ ဝန်ထမ်းများအား ထုတ်ချေးထားသော လစာနှစ်လစာ ယခုလကုန် ပြန်ဆပ်ရမည်ဟုဆို

နိုင်ငံတော်မှ ဝန်ထမ်းများအား ထုတ်ချေးထားသော လစာနှစ်လစာကို ယခုလ အောက်တိုဘာလကုန်မှစပြီး ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနမှ သိရှိရသည်။

ဝန်ထမ်းများ၏လစာမှ သတ်မှတ်နှုန်းအတိုင်း လစဥ် ဖြတ်သွားမှာဖြစ်ပြီး CDM ကြောင့်အလုပ်ရပ်နားခံရသော ဆရာ/ဆရာမများကလည်း နှစ်လစာ အကုန်ပြန်ဆပ်ရမှာဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

"လစာထဲကနေ လစဥ်ဖြတ်သွားမယ်။ CDM ဆရာ၊ ဆရာမတွေကတော့ အကုန်လုံးတစ်ခါထဲ ဆပ်ရမှာ။ မဆပ်ရင် သက်ဆိုင်ရာကနေသူတို့ကိုဆက်သွယ်ပြီး ဆက်ဖြေရှင်းကြမှာပေါ့" ဟု မွန်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစန်းအောင်က ဆိုသည်။

အလုပ်မှ ရပ်နားခံထားရသောကြောင့် ချေးငွေပြန်ဆပ်ရန် အဆင်မပြေသေးကြောင်း မုဒုံမြို့နယ်မှ CDM ဆရာမ တစ်ဦးမှ ဆိုသည်။

"CDM လုပ်လို့ အလုပ်ကနေ အထုတ်ခံထားရတယ်။ တခြားအလုပ်လည်းမရှိဘူး။ အဲဒီ နှစ်လစာဆပ်ဖို့လည်း အဆင်မပြေဘူး။ ကိုယ်တစ်ယောက်ထဲလဲမဟုတ်တော့ အရေးယူခံရမယ်ဆိုရင်လည်း တစ်ယောက်ထဲတော့ မဟုတ်လောက်ပါဘူး" ဟု ၎င်းကဆိုသည်။

ယခင် အစိုးရက ၂၀၂၀ ခုနှစ်တွင် ထုတ်ချေးခဲ့သောဝန်ထမ်းများ၏ လစာ နှစ်လစာကို ၆ လ သက်တမ်း သတ်မှတ်ခဲ့သော်လည်း ကိုဗစ် ၁၉ ကြောင့် ပြန်ဆပ်ရန်အခက်အခဲရှိသည့်အတွက် အစိုးရက နောက်ထပ် ၆ လ အချိန်ပေးခဲ့ကြောင်း၊ ယခုလတွင် နောက်ထပ် ၆ လ ပြည့်သွားသည့်အတွက် အစိုးရကိုပြန်ဆပ်ရန် တိုင်းနှင့်ပြည်နယ်အသီးသီးကို အကြောင်းကြားထားပြီးဖြစ်ကြောင်း သတင်းစာတွင် စက်တင်ဘာလက ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်း (အမြဲတမ်း) များအား အစိုးရမှ လစာ၏ ၂ လစာကို ကြိုတင် ထုတ်ပေးပြီး အတိုးမဲ့ချေးငွေအဖြစ် ယမန်နှစ် အောက်တိုဘာလက စတင်ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...