ထောင်ဒဏ်ချမှတ်ခံထားရသည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အမှုကို သံတွဲခရိုင်တရားရုံးသို့ အယူခံတင်သွင်းထား

ထောင်ဒဏ်ချမှတ်ခံထားရသည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အမှုကို သံတွဲခရိုင်တရားရုံးသို့ အယူခံတင်သွင်းထား

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံရကာ ထောင်ဒဏ်ချမှတ် ခံထားရသည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အမှုကို သံတွဲခရိုင်တရားရုံးတွင် အယူခံတင်သွင်းထားကြောင်း ရှေ့နေ့များထံမှ သိရသည်။

ဦးမင်းအောင်အတွက်အယူခံကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် သံတွဲခရိုင်တရားရုံးသို့တင်သွင်းထားပြီဖြစ်ကြောင်း ၎င်း၏ရှေ့နေ့ ဒေါ်သင်္ဂီမောင်ကပြောသည်။

“ကိုမင်းအောင်ကိစ္စနဲ့ သံတွဲခရိုင်တရားရုံးမှာ အယူူခံတော့ တင်ထားပါပြီ။ သံတွဲခရိုင်တရားရုံးက လက်ခံ/မခံကိုတော့ မသိရသေးပါဘူး” ဟု ဒေါ်သင်္ဂီမောင်ကပြောသည်။

ကိုသန့်ဇင်ဖြိုးအတွက်အယူခံကို ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ သံတွဲခရိုင်တရားရုံးသို့ တင်သွင်းထားပြီဖြစ်ကြောင်း ၎င်း၏ရှေ့နေ့ ဦးအောင်ကြည့်နိုင်ကပြောသည်။

“လွန်ခဲ့တဲ့လ နောက်ဆုံးအပတ်လောက်က အယူခံကိုတင်သွင်းလိုက်တာပါ၊ အယူခံကိုတော့ သံတွဲခရိုင်တရားရုံးက လက်ခံထားပါတယ်။ ဒီလ ၂၂ ရက်နေ့ ကြားနာမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ကိုသန့်ဇင်ဖြိုးတွင် ကင်ဆာကဲ့သို့ရောဂါရှိနေသည့်အတွက် ဆေးကုသမှုကို မကြာခဏခံယူနေရကြောင်း ရှေ့နေ့နှင့် မိသားစုဝင်များ၏ ပြောပြချက်အရသိရသည်။

“သူက ကျန်းမာရေးတော့ မကောင်းဘူး၊ အမြဲတမ်း ဆေးခန်းပြနေရပါတယ်။ ရောဂါကတော့ စုံပါတယ်။ ဘယ်ရောဂါဆိုတာတော့ တိတိကျကျပြောလို့မရပါဘူး၊ သို့သော်လည်း ကင်ဆာနဲ့ပတ်သက်တဲ့ရောဂါလို့ သိရပါတယ်” ဟု ဦးအောင်ကြည့်နိုင်ကဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့မှာ ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့နှစ်ဦးမှာ ၇ လကျော်ကြာဖမ်းဆီးတရားစွဲဆိုခံရပြီးနောက် စက်တင်ဘာ ၁၇ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ ၎င်းတို့ကိုစွဲဆိုထားသည့် ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ အတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၅ အတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...