မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်ဟု ယင်းမာပင်-PDF ပြော

မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ထက်မနည်း ထိခိုက်သေဆုံးနိုင်ဟု ယင်းမာပင်-PDF ပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်းဝင်းတောင်အနီးတွင် စစ်‌ကောင်စီ ယာဉ်တန်းကို ယင်းမာပင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် ( ယင်းမာပင်-PDF) မှ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယင်းမာပင်- PDFတပ်ဖွဲ့ဝင်တစ်ဦးမှ သတင်းပေးပို့လာသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ဘက်မှ တတ်လာသည့် ဆိုင်ကယ် အစီး ၃၀ ခန့်၊ ကားအသေး သုံးစီး၊ ကားအကြီး နှစ်စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ယနေ့( အောက်တိုဘာ ၁၁ ရက်) နံနက် ၈ နာရီကျော်ခန့်တွင် ယင်းမာပင်-PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သူတို့ဘက်က လူဦးရေ ၃၀ ထက်မနည်း ထိခိုက်၊ သေဆုံးတာတွေရှိတယ်။ အဲဒါကြောင့် မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်ဘက်မှာ တပ်စွဲထားတဲ့ ယာဉ်တန်းကနေပြီး စစ်ကူတွေလွှတ်တဲ့အနေအထားရှိပါတယ် ” ဟု ယင်းမာပင်-PDFတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရိုးရိုးမိုင်း သုံးလုံး၊ ဆက်တိုက်ကွဲသည့်မိုင်း တစ်လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီးနောက် နံနက် ၉ နာရီကျော်အထိ နှစ်ဘက် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဘက်သို့ စစ်ကူလာသည့်ယာဉ်တန်းကို စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အနောက်ဘက် ကန့်ထောင့်လမ်းတွင် ပုလဲ-PDF က ထပ်မံ ကြားဖြတ်တိုက်ခဲ့ကြောင်းလည်း ယင်းမာပင်-PDF တာဝန်ရှိသူက ပြောသည်။

ပုလဲမြို့နယ်ဘက်မှ တိုက်ပွဲ အခြေအနေအသေးစိတ်ကို မသိရှိရသေးသော်လည်း ယင်းမာပင်-PDF ဘက်မှ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့‌ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်သည် ရဟတ်ယာဉ်များအသုံးပြုကာ စစ်ကူများပို့ဆောင်နေပြီး အပြစ်မဲ့အရပ်သားများကို ဦးတည်တိုက်ခိုက်လာဖွယ်ရှိကြောင်း ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

ယနေ့ မုံရွာ- ကလေးဝ- တမူး ကားလမ်းနှင့် ရွှေတောင်ကုန်း အနောက်ဘက် ဘန့်ဘွေးကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်ဘက်မှ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ယင်းမာပင်မြို့နယ်အပေါ်တွင် တိုက်လေယာဉ်တချို့ ပျံဝဲနေသည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။

ယင်းအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မဇ္ဈိမမှဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...