မိုးညှင်း မိုင်းနောင်ကျေးရွာအနီး စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်

မိုးညှင်း မိုင်းနောင်ကျေးရွာအနီး စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်

မိုးညှင်းမြို့နယ် အင်းတော်ကြီး မိုင်းနောင်ကျေးရွာဘက်တွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်မှ ဂျက်တိုက်လေယာဥ် ၂ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက် ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် မိုင်းနောင်ကျေးရွာ အနောက်ဘက်ခြမ်း ၂ မိုင်ခန့်ဝေးသောနေရာတွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ် ၂ စီးဖြင့် ၄ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု မိုင်းနောင်ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။

"ရွာရဲအနောက်ဘက်ခြမ်းဟုတ်တယ်။ ဂျက်လေယာဥ် ၂ စီးနဲ့ လာပစ်သွားတယ်။ ရွာကနေ အသံတွေ အကျယ်ကြီးကြားရတယ်။ နေရာအတိအကျတော့ မသိဘူး။ KIA နဲ့ PDF အဖွဲ့ရှိတယ်ထင်လို့ လာပစ်တယ်လို့ဘဲကြားတယ်" ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ယနေ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာမှာ ယခင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သလို ယနေ့ ဗုံးကြဲမှုမှာ ပထမအကြိမ်ဖြစ်သည်ဟု သိရသည်။

အဆိုပါနေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၉) အောက် တပ်ရင်း ၂၆ နယ်မြေဖြစ်သည်ဟုလည်း သိရသည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...