မိုးညှင်း မိုင်းနောင်ကျေးရွာအနီး စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်

မိုးညှင်း မိုင်းနောင်ကျေးရွာအနီး စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်

မိုးညှင်းမြို့နယ် အင်းတော်ကြီး မိုင်းနောင်ကျေးရွာဘက်တွင် ယနေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်မှ ဂျက်တိုက်လေယာဥ် ၂ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၉ ရက် ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် မိုင်းနောင်ကျေးရွာ အနောက်ဘက်ခြမ်း ၂ မိုင်ခန့်ဝေးသောနေရာတွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ် ၂ စီးဖြင့် ၄ ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု မိုင်းနောင်ဒေသခံတစ်ဦးက KNG သတင်းဌာနကို အတည်ပြုပြောဆိုခဲ့သည်။

"ရွာရဲအနောက်ဘက်ခြမ်းဟုတ်တယ်။ ဂျက်လေယာဥ် ၂ စီးနဲ့ လာပစ်သွားတယ်။ ရွာကနေ အသံတွေ အကျယ်ကြီးကြားရတယ်။ နေရာအတိအကျတော့ မသိဘူး။ KIA နဲ့ PDF အဖွဲ့ရှိတယ်ထင်လို့ လာပစ်တယ်လို့ဘဲကြားတယ်" ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ယနေ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာမှာ ယခင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သလို ယနေ့ ဗုံးကြဲမှုမှာ ပထမအကြိမ်ဖြစ်သည်ဟု သိရသည်။

အဆိုပါနေရာမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၉) အောက် တပ်ရင်း ၂၆ နယ်မြေဖြစ်သည်ဟုလည်း သိရသည်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...