ကချင်၌ ART ဆေးပြတ်လပ်နေသဖြင့် HIV လူနာများ စိုးရိမ်နေရ

ကချင်၌ ART ဆေးပြတ်လပ်နေသဖြင့် HIV လူနာများ စိုးရိမ်နေရ
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd

ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ထမ်းများနှင့် နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လမှစ၍ မြစ်ကြီးနား၊ မိုးညှင်း၊ ဖားကန့်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် HIV လူနာများကို ပုံမှန်ပေးနေကျ ART ဆေးပမာဏ လျှော့ချပေးနေခြင်းဖြစ်ပြီး အရင်က တစ်ကြိမ်လျှင် ၃ လစာအထိ ထုတ် ပေးခဲ့သော်လည်း စက်တင်ဘာလမှ စတင်၍ ၅ ရက်စာခန့်သာ ပေးတော့ကြောင်း ဆိုသည်။

ကျန်းမာရေးဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက “အရင်က သုံးလစာလောက် ထုတ်ပေးနိုင်တယ်။ အခုတော့ ဆေးခွဲတမ်းနည်းလာလို့ ၅ ရက်စာလောက်ပဲ ပေး နိုင်တဲ့ အခြေအနေ ရှိနေတယ်။ ဆေးပြန်ရမယ့်အချိန်ကို မသေချာတော့ လူနာတွေအနေနဲ့လည်း စိုးရိမ်နေကြ တယ်” ဟု ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ HIV ကုသရေး လမ်းညွှန်ချက်တွင် တစ်လအတွင်း ART ဆေး ၃ ကြိမ်ထက် ပို၍ သောက်ရန် ပျက်ကွက်ပါက ဆေးယဉ်ပါးမှု ဖြစ်လာနိုင်ပြီး အန္တရာယ်ရှိကြောင်း ဖော်ပြထားသည်။

ART ဆေးသည် HIV ဗိုင်းရပ်စ်ပိုး ပွားများကို ထိန်းချုပ်ပေးပြီး ကိုယ်ခံအားစနစ် မပြိုလဲအောင် ထိန်းထားပေး သဖြင့် အချိန်မှန်၊ ပုံမှန်သောက်သုံးရန် အရေးကြီးသည်။

ဆေးရက်ဆက် ပြတ်တောက်ခြင်းနှင့် ပျက်ကွက်ခြင်းများ ရှိလာပါက သွေးအတွင်း HIV ဗိုင်းရပ်စ်ပိုး ပမာဏ ပြန် လည်မြင့်တက်လာပြီး ရောဂါအခြေအနေ ပိုမိုဆိုးရွားသွားနိုင်ကြောင်း WHO က သတိပေးထားသည်။

ထို့ကြောင့် ART ဆေး ပုံမှန်ရရှိရန် လိုအပ်သော်လည်း လက်ရှိ ဆေးခွဲတမ်း နည်းပါးလာသဖြင့် လူနာအချို့ ဆေးပြတ်သွားနိုင်သည့် အခြေအနေဖြစ်ပေါ်နေသည်။

သို့သော် လတ်တလောတွင် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၌ ART ဆေးအစား ခုခံအားကို ထိန်းပေးသည့် အစားထိုးဆေးတစ်မျိုးကို ရက်အနည်းငယ်စာ ထုတ်ပေးနေကြောင်း ART ဆေးသောက်နေရသည့် လူနာတစ်ဦး က ဆိုသည်။

အဆိုပါ လူနာက “ပြည်သူ့ဆေးရုံကြီးမှာ ခုခံဆေးနဲ့ တူညီတဲ့ အစားထိုးဆေးပေးနေတယ်တဲ့။ ရက်အနည်းငယ် သောက်ဖို့အတွက်တဲ့” ဟု ပြောသည်။

ယခုကဲ့သို့ ဆေးထုတ်ပေးသည့် ပမာဏ နည်းလာသဖြင့် ဆေးခါးထုတ်ရန် မကြာခဏ လာရောက်နေရသည့် မြို့နှင့်ဝေးသည့် ဒေသခံလူနာများအတွက် ရက်ရှည်သောက်ရန် မထုတ်နိုင်သည့် အခက်အခဲနှင့် ကြုံတွေ့နေရ ကြောင်း ဆက်လက်ပြောဆိုသည်။

ကချင်ပြည်တွင် မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရွှေ့ပြောင်းလုပ်သား များပြားသည့် ဒေသများရှိသဖြင့် HIV ကာ ကွယ်ကုသရေး လုပ်ငန်းများကို စနစ်တကျ ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေကြောင်း ကျန်းမာရေး လုပ်ငန်း ဆောင်ရွက်နေသူများက ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စုတပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှစ၍ ပြည်ပမှ ဆေးဝါးတင်သွင်းခွင့်များကို စတင်တင်းကျပ်ခဲ့ခြင်း ဖြစ်သည်။

အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် စာရင်းများအရ ကချင်ပြည်အတွင်း ART ဆေး ပုံမှန်သောက်သုံးနေသူ ၂၅,၀၀၀ ကျော် ရှိကြောင်းသိရသည်။

Most read this week

ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...
မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်းကျေးရွာအတွင်း ရွှေတူးဖော်နေသည်ကို တွေ့ရစဉ် / Credit
September 16, 2026
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်ရှိ ဆင်လုံဒမ်းကျေးရွာကို ဖြတ်သန်းစီးဆင်းနေသည့်...
ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...