တီးတိန်မြို့နယ်တွင် မိုင်းနင်းမိ၍ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာအပြင်းအထန်ရ

တီးတိန်မြို့နယ်တွင် မိုင်းနင်းမိ၍ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာအပြင်းအထန်ရ

ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း နင်းမိသဖြင့် ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေသခံများ မိုင်းကို မတော်တဆ နင်းမိခဲ့ရာ ပေါက်ကွဲမှု ပြင်းထန် ခဲ့သဖြင့် ၂ ဦးမှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးခဲ့ရပြီး ကျန် ၃ ဦးမှာလည်း ခြေလက်များ ပြတ်တောက် သည်အထိ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသူများကို အရေးပေါ် ဆေးကုသမှု ခံယူနိုင်ရန်အတွက် ဒေသခံများနှင့် တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးထားသည်။

နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက “ဒဏ်ရာရခဲ့တဲ့ ၃ ဦးလည်း ခြေလက်အင်္ဂါတွေ ပြတ်တောက်သွားတဲ့ အခြေအနေလို့ သိရပြီး လက်ရှိမှာ ၎င်းတို့ရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ဆေးကုသမှု ခံယူနေ ရတယ်လို့ သိရတယ်” ဟု ပြောသည်။

လိုင်တွီးကျေးရွာသည် စစ်အုပ်စုတပ်များ အခြေချနေထိုင်သည့် နေရာမဟုတ်သော်လည်း ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် CDF-Hualngo Ram နှင့် ဇိုမီတော်လှန်ရေးတပ်မတော် (ZRA) တို့ လှုပ်ရှားရာ နယ်မြေဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကလည်း အဆိုပါ အဖွဲ့နှစ်ဖွဲ့အကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

ချင်းရေးရာအဖွဲ့ချုပ် (ICA) ၏ အစီရင်ခံစာ ဖော်ပြချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ ချင်းပြည်အတွင်း မြေမြှုပ်မိုင်းကြောင့် လူ ၈၃ ဦး သေဆုံးခဲ့ရာ အဆိုပါအထဲတွင် အရပ်သားပြည် သူ ၅၄ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၉ ဦး ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃၅ ဦးအထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...