ဖာပွန်၌ စစ်အုပ်စု လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၅ လုံး ပျက်စီး

ဖာပွန်၌ စစ်အုပ်စု လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၅ လုံး ပျက်စီး
ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။

ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် ၅ လုံး ပျက်စီးသွားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက လေကြောင်းမှ ဗုံး ၄ လုံး ကြဲချခဲ့သည့်အပြင် ကမမောင်းမြို့အခြေစိုက် စစ်အုပ်စုတပ်စခန်းကလည်း လက်နက် ကြီး ၅ လုံး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု မရှိသော်လည်း လူနေအိမ် ၅ လုံး ပျက်စီးခဲ့ရသည်။

ဒေသခံတစ်ဦးက “ရွာသားတွေဟာ သူတို့ရဲ့လုံခြုံရေးအတွက် ကြိုတင်ရွှေ့ပြောင်းနေထိုင်လာတာ ကြာပြီ ဖြစ် လို့ပါ။ ဒါပေမယ့် နေအိမ် ၅ လုံးတော့ ပျက်စီးသွားပါတယ်” ဟု ပြောသည်။

စစ်အုပ်စုသည် ဖာပွန်မြို့ဘက်သို့ စစ်ကြောင်းထိုးလာသည်မှာ ၄ လကျော် ကြာမြင့်လာပြီဖြစ်ပြီး လက်ရှိတွင် ကတိုင်တိကျေးရွာအုပ်စု၊ ဖာလိုဒိုနယ်မြေအတွင်း ပိတ်မိနေသည်။

ထို့ကြောင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။

မူတြော် (ဖာပွန်) ခရိုင် ပြောခွင့်ရ ပဒိုစောထို့ရော်ဘင်က “စစ်ကြောင်းတွေက ဖာလိုဒိုနယ်မြေထဲမှာ အခုထိ ပိတ်မိနေဆဲပဲ။ ပြီးတော့ တိုက်ပွဲလည်း နေ့တိုင်းလိုလို ဖြစ်တယ်” ဟု ပြောသည်။

ကတိုင်တိကျေးရွာအုပ်စုအတွင်း စစ်အုပ်စုက စစ်ဆင်ရေး ပြုလုပ်ချိန်မှစ၍ ထီးသဲလယ်ရွာ အပါအဝင် အနီးဝန်း ကျင် ကျေးရွာများသည် လေကြောင်းမှ ဗုံးကြဲခံရမှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို မကြာခဏ ကြုံတွေ့နေရ သည်။

ထိုသို့ ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေသည့်အပြင် လူနေအိမ်များနှင့် ဘာသာရေး အဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ၏ ဩဂုတ်လ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ ဩဂုတ်လ ၃ ရက်နေ့က ထီးလော်သေထကျေးရွာသို့ လေယာဉ်ဖြင့် ဗုံး ၁၅ လုံး ကြဲချခဲ့၍ နေအိမ် ၈ လုံး ပျက်စီးခဲ့ရသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင်လည်း မယ်ကောလိုကျေးရွာအတွင်း သို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲခံရသဖြင့် သက်ကြီးပိုင်း အမျိုးသား ၁ ဦး ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...