ဗန်းမောက်မြို့က စျေးသည်အမျိုးသမီးတစ်ဦးကို ဖိုးသမားတစ်ဦး လုယက်ဓားပြတိုက်

ဗန်းမောက်မြို့က စျေးသည်အမျိုးသမီးတစ်ဦးကို ဖိုးသမားတစ်ဦး လုယက်ဓားပြတိုက်

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် ပေကုန်းကျေးရွာမှ စျေးသည်အမျိုးသမီးတစ်ဦးကို ဖိုးသမားတစ်ဦးက လုယက်ဓားပြတိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၇) ရက်နေ့ နံနက် (၄) နာရီအချိန်က ၎င်းက ဗန်းမောက်သို့သွားသည့်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အထမ်းထမ်းပြီး စျေးလာရောင်းတဲ့သူကို ဖိုးသမားတွေက ဖိုးစရိတ်မရှိတော့ ရတဲ့ဥစ္စာယူတော့တာပဲ၊ အပြန်အလှန်ရိုက်ကြတော့ အမျိုးသမီးက ဆေးရုံတက်လိုက်ရတယ်” ဟု ဗန်းမောက်ဒေသခံတစ်ဦးက ဆိုသည်။

ဖိုးသမားက ဓားဖြင့် ခြိမ်းခြောက်ဓားပြတိုက်မှုကြောင့် အမျိုးသမီးမှာ၊ ခေါင်းကွဲ၊ နှာခေါင်း၊ လည်းပင်းတို့တွင် ပြတ်ရှဒဏ်ရာများဖြင့် ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံတွင် ရောက်ရှိကုသနေကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ရောင်းဝယ်ဖောက်ကားမှု မြင့်တက်လာခဲ့ကြောင်း ပြောဆိုနေကြသည်။

“ဆေးသမားတွေပေါလာတော့ ဒါတွေက ဖြစ်လင့်ကစားဖြစ်စဉ်တွေ ဖြစ်နေအုံးမှာပဲ၊ ခေတ်ပျက်ကြီးထဲမှာ ဝါးစေလုပ်နေကြတာလေ။ ဒီလိုအချိန်မှာအထည်ကြီးကိုင်တဲ့သူတွေအတွက် အခွင့်အလမ်းတစ်ခုလိုဖြစ်နေတာ” ဟု ဗန်းမောက်ဒေသခံတစ်ဦးက ဆိုသည်။

ဗန်းမောက်မြို့နယ်တွင် ရွှေထွက်ရှိသည့် မှော်များစွာရှိနေပြီး ထိုမှော်များတွင် မူးယစ်ဆေးမှုပြဿနာများစွာရှိနေသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...