မြောင်းမြမြို့တွင် ဓမ္မာစရိယဆရာတော်အား စစ်ကောင်စီက အင်အားသုံး ဝင်ရောက်ဖမ်းဆီး

မြောင်းမြမြို့တွင် ဓမ္မာစရိယဆရာတော်အား စစ်ကောင်စီက အင်အားသုံး ဝင်ရောက်ဖမ်းဆီး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ မြဂုဏ်ရည်လမ်းရှိ ပညာဇေယျုံကျောင်းတိုက်မှ ဓမ္မာစရိယဆရာတော် ဉူးမေဓာနန္ဒကို စစ်ကောင်စီက အင်အားအလုံးအရင်းနှင့် ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါကျောင်းတိုက်သို့ အောက်တိုဘာလ ၈ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်တွင်စစ်ကားနှစ်စီး ရဲကားသုံးစီးနှင့် အင်အား ၄၀ ကျော်ပါ၀င်သည့် စစ်ကောင်စီတပ်ဖွဲ့က ဆရာတော်အား လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ဆရာတော်ကို NUGနဲ့ ဆက်သွယ်ပါတယ်ဆိုပြီး ဝင်ဖမ်းသွားတာ၊ ၉ နာရီလောက် ဝင်ရှာပြီးတော့ ၁၂ ထိုးခါနီးမှ ပြန်ထွက်လာကြတယ်။ ဆရာတော်က တရားဓမ္မနှံစပ်တဲ့ဆရာတော် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးကွန်ရက်ကိုလုပ်နေတဲ့ ဆရာတော်၊ အရင်က ငြိမ်းချမ်းရေးပွဲတွေဆို ဆရာတော်က အမြဲဦးဆောင်လုပ်တယ်။ သူ့ကို သူလူမှုကွန်ရက်မှာသုံးတဲ့ ဦးဇင်းဘညီလို့ လူတွေအသိများတယ်။ ကျောင်းထဲမှာပဲ ချက်ခြင်း လူဝတ်လဲပြီးတော့ သူ့ကို ခေါ်သွားတာ” ဟု ဒေသခံတစ်ဦးကပြောသည်။

ဆရာတော် ဉူးမေဓာနန္ဒသည် သီရိလင်္ကာနိုင်ငံမှ သာသနာသက္ကသီဟဓဇ ဓမ္မာစရိယ BA.MA Buddism ဘွဲ့တံဆိပ်တော် ရရှိထားသူဖြစ်သည်။

မြောင်းမြမြို့တွင် အောက်တိုဘာလ ၇ ရက်နေ့ကလည်း ပရဟိတလုပ်ဆောင်နေသူ ကိုကျော်စွာထွန်းဆိုသူကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့သေးသည်။

Most read this week

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...