မောင်တောတွင် သံသေတ္တာ ၇ လုံးဖြင့် စစ်ကျန်လက်နက်များတွေ့ရှိ

မောင်တောတွင် သံသေတ္တာ ၇ လုံးဖြင့် စစ်ကျန်လက်နက်များတွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၃ မိုင်ရပ်ကွက်မှ သံသေတ္တာ ၇ လုံးဖြင့်ထည့်ထားသည့် စစ်ကျန်လက်နက်ဟောင်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက မောင်တောမြို့ ၃ မိုင်ရပ်ကွက်ရှိ MD PLUS ရေသန့်စက်အရှေ့ဖက်တွင် ငါးကန်လမ်းဖောက်နေစဉ် အဆိုပါ သံသေတ္တာ (၇) လုံးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေတ္တာများထဲတွင် ခန့်မှန်းခြေ စစ်ကျန်လက်နက် ၁၀၀ ကျော်တွေ့ရကြောင်း မောင်တောမြို့ ၄ မိုင်အုပ်ချုပ်ရေးမှူး ဦးရွေမောင်က DMG သို့ပြောသည်။

“အဲဒီ ရေသန့်စက်ရုံအရှေ့ဖက်က ငါးကန်လမ်းကို ဘတ်ဖိုးနဲ့ဖောက်တဲ့အခါ သံသေတ္တာ ၇ လုံးတွေ့တယ်။ အဲဒီသေတ္တာတွေထဲမှာ စစ်ကျန်လက်နက်တွေကို တွေ့တာ။ တချို့ပြောကြတာကတော့ လေယာဉ်ပေါ်ကပစ်တဲ့ ဗုံးသီးလို့လည်းပြောကြတယ်၊ တချို့ကတော့ RPG လို့လဲ ပြောကြတာပဲ။ အတိကျတော့မပြောတတ်ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ စစ်ကျန်လက်နက်များမှာ ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သော စစ်ကျန်ဗုံးသီးဟောင်းများဖြစ်မည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုကြသည်။

ထိုသို့ စစ်ကျန်လက်နက်များ တွေ့ရှိမှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိရန် မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်ကို DMG မှ ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

လက်ရှိတွင် တွေ့ရှိထားသည့် စစ်ကျန်လက်နက်များကို မြန်မာစစ်တပ်မှ ယူဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...