စစ်တပ်နယ်မြေ မှော်ဘီတွင် ဗုံး ၅ လုံးပေါက်ကွဲ

စစ်တပ်နယ်မြေ မှော်ဘီတွင် ဗုံး ၅ လုံးပေါက်ကွဲ

စစ်တပ်မြို့ဟု လူသိများကြသော ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့တွင် Mytel တာဝါတိုင်များအပါအဝင် နေရာငါးခုတွင် ဗုံးပေါက်ကွဲမှုများ ယနေ့နံနက်က ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်အာဏာသိမ်းပြီး ရှစ်လကျော်တွင် မှော်ဘီတွင် ပထမဆုံးပေါက်ကွဲမှု ကြုံရခြင်းဖြစ်ပြီး မြို့ထဲတစ်ဝိုက် ကြံံ့ခိုင်ရေးရုံးတစ်ခုအနီးအပါအဝင် နံနက် ၆ နာရီဝန်းကျင်က လူအသေအပျောက်မရှိသော ပေါက်ကွဲမှုဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင်တော့ နန်းဦးဘုန်းကြီးကျောင်းဝင်းတွင်းက Mytel တာဝါတိုင်နှင့် နတ်စင်လမ်းက Mytel တာဝါတိုင်များ ဗုံးခွဲတိုက်ခိုက် ခြင်းခံရ၍ ပျက်စီးမှုများဖြစ်သွားခဲ့သည်ဟု ဆိုသည်။

ပေါက်ကွဲမှုများကြောင့် အစစ်ဆေးများ တင်းကြပ်နေပြီး စစ်ကောင်စီတပ်များ က Mytel တာဝါတိုင်များကို လုံခြုံရေးယူထားည်ဟုလည်း သိရသည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...