အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်း ၂ တန်း ၁ ကြိမ်စီ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကား ၃ စီးပျက်စီး

အရာတော်-မုံရွာလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်း ၂ တန်း ၁ ကြိမ်စီ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကား ၃ စီးပျက်စီး
ဓာတ်ပုံ - အဟောင်း
ဓာတ်ပုံ - အဟောင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ အရာတော်-မုံရွာကားလမ်းပေါ်တွင် စစ်ကြောင်း သီးခြားစီ သွားလာနေသည့် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်း နှစ်တန်းအား အရာတော်မြို့နယ် ဒေသခံပြောက်ကျားတပ်ဖွဲ့နှစ်ဖွဲ့က ယနေ့ အောက်တိုဘာလ ၆ ရက် မွန်းလွဲပိုင်းတွင် တစ်ကြိမ်စီ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကားသုံးစီး ထိခိုက်ပျက်စီးသွားကြောင်း အရာတော်တော်လှန်ရေး အင်အားစုများက မဇ္ဈိမကို အတည်ပြုသည်။

“ယာဉ်တန်းနှစ်ခုက သီးခြားပါခင်ဗျ။ ဒုတိယအကြိမ်မိုင်းဆွဲတဲ့ စစ်ကား ၁၃ စီး ကားတန်းကတော့ လူကြီးယာဉ်တန်း ဖြစ်မယ်ထင်ပါတယ်။ SWAT Uniform လိုမျိုး အမည်းတွေနဲ့လည်းပါတယ်” ဟု အရာတော် တော်လှန်ရေးအင်အားစု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အရာတော်မြို့မှ မုံရွာမြို့သို့ အရာတော်- မုံရွာကားလမ်းမအတိုင်း ချီတက်လာသည့် စစ်ကားသုံးစီးပါ စစ်ကောင်စီယာဉ်တန်းသည် အရာတော်- မုံရွာ နယ်ခြားဆိုင်းဘုတ်အရှေ့နားတွင် ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က PGC ပြောက်ကျားတပ်ဖွဲ့ (People's Guerilla Commandos) ၏ မိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် စစ်ကားသုံးစီးအနက် တစ်စီးမှာ ထိခိုက်ပျက်စီးသွားခဲ့သည်။

ယင်းနောက် မုံရွာမြို့မှ ထွက်ခွာလာသည့် နောက်ထပ်စစ်ကား ၁၃ စီးခန့်ပါရှိသည့် စစ်ကောင်စီ ယာဉ်တန်းကိုလည်း အရာတော်မြို့နယ် ဝါးတန်းကျေးရွာရှေ့အနီးတွင် အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA) က မွန်းလွဲ နှစ်နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကားနှစ်စီး ထိခိုက်သွားကြောင်း သိရသည်။

စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် နေရာနှစ်ခုသည် ခန့်မှန်းခြေအားဖြင့် တစ်နေရာနှင့် တစ်နေရာ လေးမိုင်ကျော်လောက်သာ ကွာဝေးသည်။

မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကြောင့် သေဆုံးသူမရှိကြောင်း သိရပြီး စစ်ကား သုံးစီးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသ စစ်ကိုင်းတိုင်းသည် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေပြီး မြို့နယ်ခြောက်ခုထက်မနည်းတွင် မိုဘိုင်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်။

 
 

 

 

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...