မြန်မာအာဏာသိမ်းခေါင်းဆောင်ကို ထိပ်သီးတွေ့ဆုံပွဲ မဖိတ်ကြားရေး အာဆီယံဝန်ကြီးများ ဆွေးနွေးနေ

မြန်မာအာဏာသိမ်းခေါင်းဆောင်ကို ထိပ်သီးတွေ့ဆုံပွဲ မဖိတ်ကြားရေး အာဆီယံဝန်ကြီးများ ဆွေးနွေးနေ

အရှေ့တောင်အာရှနိုင်ငံများသည် ယခုလကုန်ပိုင်းတွင် ကျင်းပသွားရန် ရှိနေသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို မဖိတ်ကြားဘဲ ဖယ်ထုတ်ထားရေးအတွက် ဆွေးနွေးလျက်ရှိကြောင်း ဒေသဆိုင်ရာသံတမန်တစ်ဦးက အောက်တိုဘာ ၆ ရက်တွင် ပြောသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့်အကြား ဧပြီလက သဘောတူထားခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်နှင့်ပတ်သက်ပြီး မြန်မာအာဏာသိမ်းစစ်အုပ်စုဘက်က ပူး‌ပေါင်းဆောင်ရွက်ရန် ပျက်ကွက်မှုက “ပေးထားသည့် ကတိစကား ပြန်ရုပ်ပြီး နောက်ကြောင်းပြန်လှည့်သည့် သဘောသက်ရောက်နေ” ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်သည့် အာရီဝမ် ယူဆွတ်ဖ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ၎င်း၏ တောင်းဆိုမှုများကို မြန်မာအာဏာသိမ်းစစ်အုပ်စုက အဖြေမပေးခဲ့ဟု ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သည့် အာရီဝမ်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အွန်လိုင်းအစည်းအဝေးတစ်ခုတွင်လည်း မြန်မာအာဏာသိမ်းစစ်ကောင်စီဘက်က ပူးပေါင်း‌ဆောင်ရွက်ရန် ပျက်ကွက်နေမှုအပေါ် စိတ်ပျက်ရကြောင်း ထုတ်ဖော်မှုများရှိခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက တွစ်တာကနေတဆင့် ပြောကြားရာတွင် “စစ်ကောင်စီ ဥက္ကဋ္ဌကို အာဆီယံထိပ်သီးအစည်းအဝေး၌ တက်ခွင့်ပြုရန်မှာ ခက်ခဲလိမ့်မည်” ဟု ပြောခဲ့သည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...