ထီးချိုင့် အလယ်တောရဲစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ် အင်အားတိုးမြှင့်ချထား

ထီးချိုင့် အလယ်တောရဲစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ် အင်အားတိုးမြှင့်ချထား

စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် အလယ်တော စံပြရွာရှိ ရဲစခန်းအား ဒေသခံ PDF အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ အင်အားထပ်မံတိုးမြှင့်ထားကြောင်း နီးစပ်သူများထံမှ သိရသည်။

"အစတော့ အဲဒီ အလယ်တောရဲစခန်းက ရဲအင်အားက နည်းနည်းဘဲရှိတယ် ရုံးစောင့်သဘောပေါ့။ ဒါပေမယ့် မနေ့ည မီးရှို့ခံရတဲ့နောက် ဒီမနက်တော့ ရဲရောစစ်သားတွေရော အင်အားထပ်ဖြည့်နေကြပြီလို့ သိရတယ်" ဟု နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ရဲကင်းစခန်းအား အောက်တိုဘာလ ၃ ရက် ည ၈ နာရီခွဲဝန်းကျင်ခန့်က PDF မှ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စခန်းမီးရှို့ခံရပြီး‌နောက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း သိရသည်။

"အဲဒီရဲစခန်း မီးလောင်ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတော့ ရှိတယ်။ ရွာဘက်တော့ ထိခိုက်တာမရှိဘူး စခန်းတော့ပြာဖြစ်သွားပြီ" လို့ ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း မြို့နယ်တစ်ချို့တွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီး နေ့စဉ် စစ်အင်အားတိုးမြှင့်နေဆဲဖြစ်ပြီး PDF ဘက်ကလည်း ၎င်းယာဉ်တန်းများကို မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...