ထီးချိုင့် အလယ်တောရဲစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ် အင်အားတိုးမြှင့်ချထား

ထီးချိုင့် အလယ်တောရဲစခန်း မီးရှို့ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ် အင်အားတိုးမြှင့်ချထား

စစ်ကိုင်းတိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် အလယ်တော စံပြရွာရှိ ရဲစခန်းအား ဒေသခံ PDF အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ အင်အားထပ်မံတိုးမြှင့်ထားကြောင်း နီးစပ်သူများထံမှ သိရသည်။

"အစတော့ အဲဒီ အလယ်တောရဲစခန်းက ရဲအင်အားက နည်းနည်းဘဲရှိတယ် ရုံးစောင့်သဘောပေါ့။ ဒါပေမယ့် မနေ့ည မီးရှို့ခံရတဲ့နောက် ဒီမနက်တော့ ရဲရောစစ်သားတွေရော အင်အားထပ်ဖြည့်နေကြပြီလို့ သိရတယ်" ဟု နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ရဲကင်းစခန်းအား အောက်တိုဘာလ ၃ ရက် ည ၈ နာရီခွဲဝန်းကျင်ခန့်က PDF မှ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စခန်းမီးရှို့ခံရပြီး‌နောက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း သိရသည်။

"အဲဒီရဲစခန်း မီးလောင်ပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတော့ ရှိတယ်။ ရွာဘက်တော့ ထိခိုက်တာမရှိဘူး စခန်းတော့ပြာဖြစ်သွားပြီ" လို့ ဒေသခံများထံမှ သိရသည်။

စစ်ကိုင်းတိုင်း မြို့နယ်တစ်ချို့တွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားပြီး နေ့စဉ် စစ်အင်အားတိုးမြှင့်နေဆဲဖြစ်ပြီး PDF ဘက်ကလည်း ၎င်းယာဉ်တန်းများကို မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...