မုံရွာမြို့တွင် ဂျိုင်းထောက်ဖြင့် လှည့်လည်သွားလာနေသည့် စစ်ကောင်စီသတင်းပေး အသတ်ခံရ

မုံရွာမြို့တွင် ဂျိုင်းထောက်ဖြင့် လှည့်လည်သွားလာနေသည့် စစ်ကောင်စီသတင်းပေး အသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ရပ်ကွက်များတွင် ဂျိုင်းထောက်ဖြင့် လှည့်လည်သွားလာနေသည့် စစ်ကောင်စီသတင်းပေး အမျိုးသားတစ်ဦး ယနေ့ အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက အသတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

“ဒလန်နဲ့ ပတ်သက်ဖူးတဲ့ ဒလန်အကြောင်းသိတဲ့ နယ်ခံတွေနဲ့ အဖွဲ့တချို့က အကူအညီတောင်းထားတာကြာပါပြီ။ အမှန်က ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ Mission တစ်ခုပါ။ မြေပြင်အဖွဲ့က မနက် ၉ နာရီမှာ ဓာတ်ပုံနဲ့တကွ ဒလန်ရှင်းတာအောင်မြင်ကြောင်း သတင်းလှမ်းပို့ပါတယ်။ ဝမ်းဗိုက်မှာ ဓားဒဏ်ရာနှစ်ချက်နဲ့ နေရာမှာပဲ သေသွားပါတယ်” ဟု South Monywa PDF ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသတ်ခံခဲ့ရသူ စစ်ကောင်စီသတင်းပေး ကိုအောင်စိုးသည် ပြည်တော်သာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက မုံရွာမြို့၊ သာစည်လမ်းနှင့် တိုင်းရင်းဆေးရုံလမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်အနီးတွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“အမှန်တရားကိုနားလည်ပြီး အမှန်တရားဘက်မှာ အားလုံးရပ်တည်ပေးကြစေချင်ပါတယ်။ လက်ရှိ လမ်းမှားလိုက်နေကြသူတွေနဲ့ အမှန်တရားကို မျက်ကွယ်ပြုထားသူတွေအနေနဲ့ အချိန်မနှောင်းခင် လမ်းမှန်ပေါ်ပြန်ရောက်စေချင်ပါတယ်။ ဒီအလုပ်တွေက မဖြစ်လို့ လုပ်နေရတာပါ။ ပြည်သူအားလုံး အမှန်တရားကို လက်ကိုင်ထားကြမယ်ဆိုရင် ဒီတော်လှန်ရေးကြီး မြန်ဆန်စွာ အောင်မြင်နိုင်ပါလိမ့်မယ်” ဟု South Monywa-PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသတ်ခံရသည့် အမျိုးသားသည် မုံရွာမြို့၊ သာစည်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲစဉ်က စားသောက်စရာများ ပို့ပေးနေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံက သိရပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်များ ရောက်ရှိလာကာ စစ်ဆေးမှုတချို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...