KNU ၏ မူဝါဒနှင့်ဆန့်ကျင်သော လုပ်ရပ်များကို မပြုလုပ်ရန် PDF တပ်မဟာ ၆ ဥက္ကဌ အသိပေး

KNU ၏ မူဝါဒနှင့်ဆန့်ကျင်သော လုပ်ရပ်များကို မပြုလုပ်ရန် PDF တပ်မဟာ ၆ ဥက္ကဌ အသိပေး

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လှုပ်ရှားဒေသအတွင်း KNU ၏ မူဝါဒသဘောထားရပ်တည်ချက်နှင့် ဆန့်ကျင်သော လုပ်ရပ်များကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) အနေဖြင့် ပြောင်ပြောင်တင်းတင်း ထင်ရာမြင်ရာ လုပ်ဆောင်နေသည်ကို တွေ့မြင်နေရပြီး မလုပ်ဆောင်ရန် တပ်မဟာ ၆ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက ယနေ့ (အောက်တိုဘာ ၄ ရက်)တွင် အသိပေးစာတစ်စောင် ရေးသားပေးပို့လိုက်သည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF)  တာဝန်ခံနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့သို့ လိပ်မူထားသောစာဖော်ပြချက်အရ အကြမ်းဖက်ဆောင်ရွက်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူဆုံးရုံးနစ်နာမှုများ ဖြစ်ပေါ်စေပြီး မိမိတို့အနေဖြင့် KNU ဒေသတွင်း၌ မည်သည့်အဖွဲ့အစည်းမှ KNU ၏ မူဝါဒသဘောထားနှင့် ဆန့်ကျင်သော အကြမ်းဖက်လှုပ်ရှားဆောင်ရွက်ခြင်းများ မပြုလုပ်ရန် အသိပေး အကြောင်းကြား အပ်ပါသည်ဟု ဆိုသည်။

ပဒိုစောရွှေမောင်းက “ပြောင်ပြောင်တင်းတင်းဆိုလို့ ငါ့အိပ်ယာဘေးမှာပဲ ဗုံးလာခွဲတယ်ဆိုတော့ ပြောင်သေးသလားကွယ်။ ငါအိပ်တဲ့နေရာဘေးမှာ ဗုံးဖောက်တယ် ဆိုကတည်းကိုက ဒို့ကို မထီမဲ့မြင် ဘာမှ အရေးမစိုက်၊ ဂရုမစိုက်တဲ့သဘောဖြစ်သွားပြီ” ဟု ပြောသည်။

ထို့ပြင် KNU တပ်မဟာ ၆ နယ်မြေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်များ ရှိ၊ မရှိ စစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) မှ ဝင်ရောက်စစ်ဆေးမည်ဖြစ်သောကြောင့် လက်ခံမထားရန် ပဒိုစောရွှေမောင်းက ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် သက်ဆိုင်ရာ တပ်မဟာ၊ တပ်ရင်းနှင့် မြို့နယ်ခေါင်းဆောင်များကို ညွှန်ကြားခဲ့သည်။

စစ်တပ်အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) များကို KNU အနေဖြင့် ဖိတ်ခေါ်ထားခြင်းမဟုတ်ဘဲ လူအခွင့်အရေးအရ ကူညီထားခြင်းဖြစ်ကြောင်း KNU မှ ဗဟိုအလုပ်မှုဆောင်ကော်မတီ ပဒိုစောသမိန်ထွန်းက စက်တင်ဘာ ၅ ရက်တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှ ပြောကြားခဲ့သည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...