မွန်ပြည်နယ်အတွင်း အမှုရင်ဆိုင်နေရဆဲ အချုပ်သား ၂၀၀ နီးပါး ပြန်လွှတ်ပေး

မွန်ပြည်နယ်အတွင်း အမှုရင်ဆိုင်နေရဆဲ အချုပ်သား ၂၀၀ နီးပါး ပြန်လွှတ်ပေး

မွန်ပြည်နယ်အတွင်း အမှုရင်ဆိုင်နေရဆဲဖြစ်သည့် အချုပ်သား ၂၀၀ နီးပါးခန့်ကို အောက်တိုဘာ ၁ ရက် ညပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်နယ်အကျဉ်းဦးစီးဌာနက သိရသည်။

ပြန်လွှတ်ပေးခဲ့သည့် အချုပ်သားများမှာ မော်လမြိုင်အချုပ်ထောင်၊ ကျိုက်မရော ဗဟိူအကျဉ်းထောင်နှင့် သထုံအကျဉ်းထောင်တို့တွင် အမှုရင်ဆိုင်နေရသူများဖြစ်ကြောင်း သိရသည်။

"ပြန်လွှတ်ပေးတဲ့အထဲမှာတော့ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု ရင်ဆိုင်နေရတဲ့သူတွေ၊ ရဲအရေးပိုင်အမှုရင်ဆိုင်နေရတဲ့ အချုပ်သား ၁၉၅ ဦးပါတာပေါ့" ဟု အကျဉ်းဦးစီးတာဝန်ရှိသူက ပြောသည်။

အများစုမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးဖမ်းဆီးရမှုဖြင့် အမှုရင်ဆိုင်နေရသည့် အချုပ်သားများကို ပြန်လွှတ်ပေးခြင်းဖြစ်သော်လည်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် အမှုရင်ဆိုင်နေရသူများ မပါဝင်ကြောင်း မော်လမြိုင်မြို့ခံ ရှေ့နေတစ်ဦးက ပြောသည်။

"အမှန်ဆို အဲလိုလူတွေအစား နိုင်ငံရေးလှုပ်ရှားသူတွေ ကျောင်းသားတွေ၊ ဆရာမတွေကို လွှတ်ပေးသင့်တယ်" ဟု ၎င်းကပြောသည်။

မွန်ပြည်နယ်တွင် အကျဉ်းထောင်၊ အချုပ်ထောင်၊ ကျောက်ထုတ်ရေး (ရဲဘက်) စခန်း၊ စိုက်ပျိုးရေး (ရဲဘက်) စခန်း (၁၀) ခု၌ အကျဉ်းသားနှင့် အချုပ်သားပေါင်း ၃ ထောင်ကျော်ရှိပြီး အားလုံးနီးပါးကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားပြီးဖြစ်ကြောင်း သိရှိသည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလမှ လက်ရှိအချိန်ထိ မွန်ပြည်နယ်က အချုပ်သား ၉၀၀ နီးပါး ပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့အတူ နစကကောင်စီက ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် နိုင်ငံတဝန်းက အကျဥ်းသား ၂ သောင်းကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာတွင်မွန်ပြည်နယ်က အကျဉ်းသား (၂၀၀၀) ကျော်လည်း ပါဝင်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...