မုံရွာမြို့၊ စက်မှုဇုံလမ်းဘေးတွင် ငွေတောင်းနေသည့် ရဲများကို Truth Army အဖွဲ့ မိုင်းခွဲတိုက်ခိုက်ရာ ၃ ဦးသေ

မုံရွာမြို့၊ စက်မှုဇုံလမ်းဘေးတွင် ငွေတောင်းနေသည့် ရဲများကို Truth Army အဖွဲ့ မိုင်းခွဲတိုက်ခိုက်ရာ ၃ ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အေးသာရာရပ် စက်မှုဇုံလမ်းဘေး၌ ငွေကြေးကောက်ခံနေသည့် ရဲတပ်ဖွဲ့ကို အမှန်တရားတပ်မတော် (Truth Army) က မိုင်းနှစ်လုံးခွဲ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့၀င် သုံးဦးသေဆုံးသွားကြောင်း Truth Army အဖွဲ့ထံက သိရသည်။

ယင်းငွေတောင်းအဖွဲ့တွင် ဆိုင်ကယ်သုံးစီးနှင့် ရဲခြောက်ယောက်ပါဝင်ပြီး ယနေ့ အောက်တိုဘာ ၃ ရက် မနက် ၈ နာရီတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Truth Army အဖွဲ့၏ အဖွဲ့တာ၀န်ရှိသူ မိုင်းဆရာဂဠုန်မှ မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ အမှန်တရားတပ်မတော် Truth Army အနေနဲ့ ပြည်သူလူထုအပေါ်မှာ အနိုင်ကျင့်နှိပ်စက်နေတဲ့ ဝန်ထမ်းများကို CDM အမြန်ဝင်ကြပါလို့ပြောချင်တယ်။ အဲလိုမလုပ်ရင်တော့ ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တယ်။ အခုအချိန်မှာ တောင်သူလယ်သမားများအပေါ် အတင်းအဓမ္မ အကြွေးတောင်းတာတွေ၊ အကြမ်းဖက်မှုကို အားပေးအား‌မြောက်ပြုနေတဲ့ ထောက်တိုင်တွေအားလုံးကို ခြေမှုန်းသုတ်သင်သွားမယ် ဆိုတာ ပြတ်ပြတ်သားသား သတိပေးလိုက်တယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ယင်း ရဲအဖွဲ့သည့် လှည့်ကင်းပတ်ပြီး စက်မှုဇုံလမ်းဘေးဂိတ်တွင်‌ စောင့်ဆိုင်းကာ ဖြတ်သန်းသွားလာနေသည့် ကားများကို အပြစ်ရှာစစ်ဆေးပြီး ငွေညှစ် ဆက်ကြေးကောက်‌လေ့ရှိသည်ဟု သိရသည်။

 
 

 

 

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...