အောင်လံမြို့ လဝကရုံးတွင် ဗုံးပေါက်

အောင်လံမြို့ လဝကရုံးတွင် ဗုံးပေါက်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ တရော်ကုန်းရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ရုံးတွင် ယနေ့အောက်တိုဘာလ ၃ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ ထိုဗုံးပေါက်ကွဲမှုတွင် လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

အဆိုပါ လဝကရုံးအား ဗုံးခွဲတိုက်ခိုက်မှုကို အောင်လံမြို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် အသိပေး ထုတ်ပြန်ထားသည်။

“စစ်အာဏာရှင်ကို အမြစ်ပြတ်အောင်လို့ သူတို့ပတ်သက်အုပ်စိုးတဲ့နေရာမှန်သမျှ တိုက်ခိုက်သွားမှာပါပဲ” ဟု ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောထားသည်။

ယင်းအပြင် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...