ဘီးလင်းမှာ အုပ်စုဖွဲ့လုယက်မှုတွေ ဆက်တိုက်ဖြစ်နေ

ဘီးလင်းမှာ အုပ်စုဖွဲ့လုယက်မှုတွေ ဆက်တိုက်ဖြစ်နေ

စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းမှာ အုပ်စုဖွဲ့လုယက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အုပ်စုဖွဲ့ လုယက်သူတွေဟာ လူသွားလူလာနည်းတဲ့ မြို့ပေါ်ရပ်ကွက်အချို့နဲ့ ကျေးရွာအဆင်းလမ်းတွေမှာ လုယက်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ အမျိုးသမီးတစ်ဦး ဘီးလင်းကနေ ရွာဘက်ဆင်းတဲ့လမ်းမှာ ဆိုင်ကယ်လုခံရတယ်လို့ သိရတယ်။ လုယက်တဲ့သူတွေမှာ ဓါးတွေပါတယ်။ သူတို့က လူပြတ်တဲ့နေရာ အဖော်မပါဘဲ တစ်ယောက်တည်း သွားတဲ့သူတွေကို အဓိကထား လုယက်တာတွေလုပ်နေတယ်” လို့ ဘီးလင်းဒေသခံတစ်ဦးက ပြောပါတယ်။

ဘီးလင်းမြို့နယ်မှာတော့ အခုလအတွင်း လုယက်ခံရမှုပေါင်း ၇ ကြိမ်ထက်မနည်းရှိလာပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ သွားလာတာတွေလုပ်မယ်ဆိုရင် အဖော်ခေါ်သွားကြဖို့နဲ့ ရွှေငွေတွေ ဝတ်ဆင်တာတွေ မလုပ်ကြဖို့ ဒေသခံတွေ တိုက်တွန်းပါတယ်။

ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာပြည်သူများကို လုံခြုံရေးအကြောင်းပြ စစ်ဆေးမှုတွေ တင်းကြပ်လုပ်ဆောင်နေပေမယ့် ဒေသခံပြည်သူတွေမှာ လုယက်ခံရမှုတွေရှိနေပါတယ်။

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...