လားရှိုး သိန္နီလမ်းမပေါ်တိုက်ပွဲမှာ စစ်ကောင်စီဘက် ၃ ဦးသေဆုံး

လားရှိုး သိန္နီလမ်းမပေါ်တိုက်ပွဲမှာ စစ်ကောင်စီဘက် ၃ ဦးသေဆုံး

ရှမ်းမြောက် လားရှိုး ဟိုပိတ်နဲ့ သိန္နီ ပြည်ထောင်စုလမ်းမကြားတွင် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၃ ဦးကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA ဘက်က သိရပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲကနေ ၁၀ နာရီကျော်အထိ လားရှိုး၊ ဟိုပိတ်-သိန္နီ ပြည်ထောင်စုလမ်းမ၊ ၁၁ မိုင် နှင့် ၁၂ မိုင်ကြား တိုက်ပွဲမှာ စစ်ကောင်စီဘက် အကျအဆုံးကို ကိုးကန့်ဘက်က ယနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၇ ရက်နေ့  နံနက် ၃ နာရီ ၄၀ မိနစ်ခန့်ကလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား ၁၂ မိုင်နှင့် ၁၃ မိုင်အကြားမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်တင်ဘာလ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ အမည်မသိ တိုင်းရင်းသားတော်လှန်ရေးတပ်တို့ နမ့်တွန်းရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် အတက်၊ အဆင်း ယာဉ်ကြီး၊ ယာဉ်ငယ်တွေကို သွားလာခွင့်မပြုပဲ နာရီပိုင်းကြာ လမ်းပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခု ရက်ပိုင်းတွေမှာ လားရှိုးနဲ့ သိန္နီကြား ကားလမ်းမပေါ်  ကြိုကြား ပစ်ခတ်တိုက်ခိုက်မှုများ ပုံမှန်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...