လားရှိုး သိန္နီလမ်းမပေါ်တိုက်ပွဲမှာ စစ်ကောင်စီဘက် ၃ ဦးသေဆုံး

လားရှိုး သိန္နီလမ်းမပေါ်တိုက်ပွဲမှာ စစ်ကောင်စီဘက် ၃ ဦးသေဆုံး

ရှမ်းမြောက် လားရှိုး ဟိုပိတ်နဲ့ သိန္နီ ပြည်ထောင်စုလမ်းမကြားတွင် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၃ ဦးကျဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA ဘက်က သိရပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲကနေ ၁၀ နာရီကျော်အထိ လားရှိုး၊ ဟိုပိတ်-သိန္နီ ပြည်ထောင်စုလမ်းမ၊ ၁၁ မိုင် နှင့် ၁၂ မိုင်ကြား တိုက်ပွဲမှာ စစ်ကောင်စီဘက် အကျအဆုံးကို ကိုးကန့်ဘက်က ယနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၇ ရက်နေ့  နံနက် ၃ နာရီ ၄၀ မိနစ်ခန့်ကလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား ၁၂ မိုင်နှင့် ၁၃ မိုင်အကြားမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်တင်ဘာလ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ အမည်မသိ တိုင်းရင်းသားတော်လှန်ရေးတပ်တို့ နမ့်တွန်းရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် အတက်၊ အဆင်း ယာဉ်ကြီး၊ ယာဉ်ငယ်တွေကို သွားလာခွင့်မပြုပဲ နာရီပိုင်းကြာ လမ်းပိတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခု ရက်ပိုင်းတွေမှာ လားရှိုးနဲ့ သိန္နီကြား ကားလမ်းမပေါ်  ကြိုကြား ပစ်ခတ်တိုက်ခိုက်မှုများ ပုံမှန်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

 
 

 

 

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...