ဈေးဆိုင်များအား ခြိမ်းခြောက်ဆက်ကြေးတောင်းသူများကို ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဟု ကျောက်ထု PDF ပြော

ဈေးဆိုင်များအား ခြိမ်းခြောက်ဆက်ကြေးတောင်းသူများကို ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဟု ကျောက်ထု PDF ပြော

မကွေးတိုင်း‌ဒေသကြီး၊ ဆောမြို့နယ်အတွင်း ကျောက်ထုမြို့ရှိ ဈေးဆိုင်များကို ခြိမ်းခြောက် ဆက်ကြေးတောင်းသူများအား စုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်မည်ဟု ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ထု-PDF) က ယနေ့စက်တင်ဘာလ ၂၈ ရက်တွင် သတိပေးထုတ်ပြန်လိုက်သည်။

စက်တင်ဘာ ၂၅ ရက်က ကျောက်ထုဒေသရှိ စျေးဆိုင်များသို့ ဖုန်းဆက်၍လည်းကောင်း၊ Message ပို့၍လည်းကောင်း ခြိမ်းခြောက်ကာ လက်နက်အားကိုးဖြင့် ငွေကြေးတောင်းဆိုမှုများ ကြုံတွေ့ခဲ့ရ သည်ကို ကျောက်ထု-PDF အနေဖြင့် ကြားသိရသည်ဟု ဆိုသည်။

အဆိုပါတောင်းခံမှုများကို ကျောက်ထု-PDF အနေဖြင့် လုံးဝပြုလုပ်မည် မဟုတ်ကြောင်းနှင့် ခြိမ်းခြောက်ငွေတောင်းခံသူများကိုလည်း စုံစမ်းနေကြောင်း ကျောက်ထု-PDF က ပြောသည်။

ပြည်သူများကလည်း ရရှိသည့် သတင်းအချက်အလက်များကို ကျောက်ထု-PDF ၏ Messenger သို့ ပေးပို့ကြပါရန် ကျောက်ထု-PDF က မေတ္တာရပ်ခံထားသည်။

August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...