ရထားလမ်း ဗုံးဖောက်ခံရပြီးနောက် လမ်းပိတ်ကာ လမ်းသွားလမ်းလာများကို စစ်ကောင်စီတပ်များစစ်ဆေး

ရထားလမ်း ဗုံးဖောက်ခံရပြီးနောက် လမ်းပိတ်ကာ လမ်းသွားလမ်းလာများကို စစ်ကောင်စီတပ်များစစ်ဆေး

မန္တလေးမြို့ ချမ်းမြသာစည်မြို့ ကန်သာယာရပ်ကွက် ၅၈ လမ်း ၁၁၄ နှင့် ၁၁၆ လမ်းအနီး မန္တလေး-ပြင်ဦးလွင်မီးရထားလမ်းသံလမ်း ယနေ့နံနက် အစောပိုင်းက ဗုံးဖောက်ခွဲခံခဲ့ရသည်။

ရထားလမ်းဖောက်ခွဲမှုဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင် စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ထို့အပြင် ယနေ့ နေ့လည်ပိုင်းအထိ ၅၈ လမ်းနှင့် ၁၁၄ လမ်းတွင် အင်အားအများအပြားနဲ့ လမ်းသွားလမ်းလာများကို ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

"လမ်းကပိတ်ထားတယ်။ သံလမ်းဘက်ကို လုံးဝဖြတ်မသွားခိုင်းဘူး။ တခြားလမ်းကနေ ပြန်သွားခိုင်းတာ" ဟု အဆိုပါနေရာတွင် စစ်ဆေးခံလာရသူတစ်ဦးက ဆိုသည်။

မန္တလေးမြို့တွင်ဗုံးပေါက်ကွဲမှုနှင့် ဒလန်ဟုကျော်ဇောသူများ အသတ်ခံရမှုများရှိလာပြီးနောက် စစ်ကောင်စီကလည်း ညစဉ် ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်နေသလို အရပ်ဝတ်လှည်းကင်းများနှင့် စောင့်ကြည့်စစ်ဆေးမှုများလည်း ပြုလုပ်နေသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...