ဒေသခံ PDF များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသိုမြို့နယ်များတွင် ဖုန်းလိုင်းအားလုံးနှင့် အင်တာနက်ပြတ်တောက်

ဒေသခံ PDF များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသိုမြို့နယ်များတွင် ဖုန်းလိုင်းအားလုံးနှင့် အင်တာနက်ပြတ်တောက်

ဒေသခံ PDF များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသိုမြို့နယ်များတွင် ယနေ့ကစပြီး ဖုန်းလိုင်းအားလုံးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း စုံစမ်းသိရှိရသည်။

“ကောလင်းကို အလုပ်တစ်ခုနဲ့ ဖုန်းဆက်တာ ဖုန်းကဧရိယာပြင်ပဖြေဖြစ်နေတယ်” ဟု ဗန်းမောက်ဒေသခံတစ်ဦးက ဆိုသည်။

ကောလင်းမြို့နယ် ပင်လည်ဘူးနယ်မြေအစပ်များဖြစ်သည့် နောင်မူး ၊ဝမ်းဘဲအင်း၊ ဆာတောင်ပုံ၊ အင်းဂါး ကျေးရွာများတွင် ဒေသခံ PDF အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက အထိနာခဲ့သည်။

စက်တင်ဘာ ၂၄ ရက်နေ့တွင် ဒေသခံ PDF အဖွဲ့များက စစ်ကောင်စီတပ်၏ လက်နက်အများအပြား တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

စက်တင်ဘာ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်များက လေယာဉ်များအကူအညီများ ခြေလျှင်တပ်ရင်းများဖြင့် ဒေသခံ PDF များကို ထိုးစစ်ပြန်ဆင်ရန်အတွက် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များက ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးနီးပါးတွင် စစ်အင်အားအပြားတိုးချဲ့လာခဲ့ပြီး ဒေသခံ PDF များဖြင့် တိုက်ပွဲနေ့စဉ်နီးပါးဖြစ်ပွားလျှက်ရှိနေသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...