အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာရှိ စျေးဆိုင်အားလုံးကို KIA ဆက်ကြေးကောက်

အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာရှိ စျေးဆိုင်အားလုံးကို KIA ဆက်ကြေးကောက်
အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာအဝင် ဆိုင်းဘုတ်တစ်ခုကိုတွေ့ရစဉ်
အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာအဝင် ဆိုင်းဘုတ်တစ်ခုကိုတွေ့ရစဉ်

အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာရှိ စျေးဆိုင်အားလုံးကို KIA က ဆက်ကြေးကောက်ခံခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

“သူတို့ခေါ်တဲ့နေရာကိုသွားပေးရတာ၊ ဆိုင်အားလုံးပဲ” ဟု ဒေသခံတစ်ဦးကဆိုသည်။

ညောင်ပင်ကျေးရွာတွင် ယခင်က စျေးဆိုင်များကို KIA က ဆက်ကြေးကောက်ခံမှုမရှိဘဲ ရွှေမျှောလုပ်ကိုင်သူများ၊ ဆန်စက်များ၊ ထွန်စက်ပိုင်ရှင်များသာ ပေးရကြောင်း သိရသည်။

“တဆိုင်နဲ့တစ်ဆိုင် မတူဘူး၊ လမ်းဘေးဆိုင်တစ်ဆိုင်ဆို ရှစ်သောင်းပေးရတာ၊ ကုန်စုံဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင် အကုန်ပါတယ်၊ ဒီကာလအဆင်မပြေလည်း ကြောက်ရတော့ ပေးရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ညောင်ပင်ကျေးရွာသည် အင်းတော်ကြီး–ဝှေခါ–ဖားကန့် လမ်းပေါ်တွင်ရှိပြီး ခရီးသွားများ တစ်ထောက်နားရသည့် ကျေးရွာတစ်ခုလည်းဖြစ်သည်။

ထိုစျေးဆိုင်များအားလုံးသည်လည်း ကိုဗစ်ဖြစ်ကတည်းက ခရီးသွားလာမှုနည်းပြီး ရောင်းအားလျှော့ကျနေမှုများနှင့် ရင်ဆိုင်နေကြရသည်။

အင်းတော်ကြီးဒေသရှိ ညောင်ပင်ကျေးရွာတွင်သာ ပထမဦးဆုံး ဆက်ကြေးပေးရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အင်းတော်ကြီးညောင်ပင်ကျေးရွာသည် ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်ပြီး လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ကြပြီး ယခင်ကတည်းက ခရီးသွားလာမှုအတွက် အရေးပါသည့် ကျေးရွာတစ်ခုလည်းဖြစ်သည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...