အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာရှိ စျေးဆိုင်အားလုံးကို KIA ဆက်ကြေးကောက်

အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာရှိ စျေးဆိုင်အားလုံးကို KIA ဆက်ကြေးကောက်
အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာအဝင် ဆိုင်းဘုတ်တစ်ခုကိုတွေ့ရစဉ်
အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာအဝင် ဆိုင်းဘုတ်တစ်ခုကိုတွေ့ရစဉ်

အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာရှိ စျေးဆိုင်အားလုံးကို KIA က ဆက်ကြေးကောက်ခံခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

“သူတို့ခေါ်တဲ့နေရာကိုသွားပေးရတာ၊ ဆိုင်အားလုံးပဲ” ဟု ဒေသခံတစ်ဦးကဆိုသည်။

ညောင်ပင်ကျေးရွာတွင် ယခင်က စျေးဆိုင်များကို KIA က ဆက်ကြေးကောက်ခံမှုမရှိဘဲ ရွှေမျှောလုပ်ကိုင်သူများ၊ ဆန်စက်များ၊ ထွန်စက်ပိုင်ရှင်များသာ ပေးရကြောင်း သိရသည်။

“တဆိုင်နဲ့တစ်ဆိုင် မတူဘူး၊ လမ်းဘေးဆိုင်တစ်ဆိုင်ဆို ရှစ်သောင်းပေးရတာ၊ ကုန်စုံဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင် အကုန်ပါတယ်၊ ဒီကာလအဆင်မပြေလည်း ကြောက်ရတော့ ပေးရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ညောင်ပင်ကျေးရွာသည် အင်းတော်ကြီး–ဝှေခါ–ဖားကန့် လမ်းပေါ်တွင်ရှိပြီး ခရီးသွားများ တစ်ထောက်နားရသည့် ကျေးရွာတစ်ခုလည်းဖြစ်သည်။

ထိုစျေးဆိုင်များအားလုံးသည်လည်း ကိုဗစ်ဖြစ်ကတည်းက ခရီးသွားလာမှုနည်းပြီး ရောင်းအားလျှော့ကျနေမှုများနှင့် ရင်ဆိုင်နေကြရသည်။

အင်းတော်ကြီးဒေသရှိ ညောင်ပင်ကျေးရွာတွင်သာ ပထမဦးဆုံး ဆက်ကြေးပေးရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အင်းတော်ကြီးညောင်ပင်ကျေးရွာသည် ရှမ်းနီတိုင်းရင်းသားအများစုနေထိုင်ပြီး လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ကြပြီး ယခင်ကတည်းက ခရီးသွားလာမှုအတွက် အရေးပါသည့် ကျေးရွာတစ်ခုလည်းဖြစ်သည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...