အုပ်ချုပ်ရေးမှူးများအားလုံး နုတ်ထွက်ရန်ပျက်ကွက်ပါက ချေမှူန်းမည်ဟု ချောင်းဦး PDF သတိပေး

အုပ်ချုပ်ရေးမှူးများအားလုံး နုတ်ထွက်ရန်ပျက်ကွက်ပါက ချေမှူန်းမည်ဟု ချောင်းဦး PDF သတိပေး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအားလုံးမှ အုပ်ချုပ်ရေးမှူးများအားလုံး ယခု စက်တင်ဘာလ ၃၀ ရက်နောက်ဆုံးထား၍ နုတ်ထွက်ကြရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF) မှ ယနေ့ စက်တင်ဘာ၂၄ ရက်တွင် သတိပေးထုတ်ပြန်သည်။

အဆိုပါသတိပေးချက်အား မလိုက်နာပါက မည်သည့်အကြောင်းပြချက်ဖြင့် ပျက်ကွက်သည်ဖြစ်စေ စစ်ကောင်စီ၏ထောက်တိုင်များ အဖြစ်သတ်မှတ်၍ CHUPDF တပ်ဖွဲ့မှ ချေမှုန်းသွားမည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ယန္တရားအတွက် ပြည်သူများထံမှ အခွန်အခများကောက်ခံလျက်ရှိသည့် လျှပ်စစ်ဌာနနှင့် စည်ပင်ဌာနများမှ ဝန်ထမ်းများကိုလည်း ယခင်က သတိပေးချက်ထုတ်ပြန်ထားပြီးဖြစ်သောကြောင့် လိုက်နာကြရန်နှင့် ယခုထပ်မံ၍ နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာသတိပေး‌ကြောင်း   CHUPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ စက်တင်ဘာ ၂၃ ရက်ကလည်း ချောင်းဦးမြို့မှ မုံရွာမြို့သို့ဆင်းလာသည့် အကြမ်းဖက်စစ်တပ်၏ စစ်ကားနှစ်စီးအား ချောင်းဦး PDF တပ်ဖွဲ့နှင့် မုံရွာ-သံမဏိအဖွဲ့တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...