ထားဝယ်မြို့ပေါ်ရပ်ကွက်တွေက စစ်ကောင်စီတပ်တွေကို ရုတ်သိမ်း၊ ကျေးရွာတွေမှာ စစ်ဆေးရေးတင်းကြပ်လာ

ထားဝယ်မြို့ပေါ်ရပ်ကွက်တွေက စစ်ကောင်စီတပ်တွေကို ရုတ်သိမ်း၊ ကျေးရွာတွေမှာ စစ်ဆေးရေးတင်းကြပ်လာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ် နေရာအချို့မှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာလ ၂၃ ရက်နေ့မှာ တပ်ပြန်ရုပ်သိမ်းသွားတဲ့လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါင်းငူရပ်ကွက်ရုံး၊ အောင်မင်္ဂလာရုပ်ရှင်ရုံ၊ ကျန်းတိတိတရုတ်ဘုံကျောင်း၊ ဥတ္တံတားကြီးလမ်းဆုံအပါအဝင် နေရာ ၈ နေရာက တပ်စွဲထားတဲ့နေရာတွေကို ရုပ်သိမ်းသွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကြက်စာပြင်ရပ်ကွက်မှာတော့ စစ်ကောင်စီတပ်တွေ နေရာယူထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

”ဒီမနက် စစ်ကောင်စီတပ်စွဲထားတဲ့ မြို့ပေါ်က နေရာအချို့မှာ သူတို့မရှိတော့ဘူး။ ဘယ်ကိုပြောင်းသွားလဲတော့ သေချာမသိဘူး။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေကတော့ ပိုသတိထားဖို့လိုတယ်။ ကြက်စာပြင်ရပ်မှာတော့ သူတို့တွေရှိသေးတယ်။ အင်အားလည်း အသင့်အတင့်ရှိနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မောင်မယ်ရှောင်ရွာအပါအဝင် အချို့ကျေးရွာနားတွေမှာတော့ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်နေပြီး စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ယခုရက်ပိုင်းအတွင်းမှာတော့ ထားဝယ်မြို့ပေါ်နေရာများထက် ကျေးလက်ဒေသတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပိုမိုအားကောင်းခဲ့ပါတယ်။

 
 

 

 

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...