နော့်ဂူရွာက စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေ

နော့်ဂူရွာက စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ နော့်ဂူကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာအခက်အခဲ ကြုံနေရကြောင်း ‌စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

"အိမ်လည်းပြန်လို့မရ။ အစားအသောက်ကလည်း ခက်ခဲ။ အရမ်း ဒုက္ခရောက်နေပါတယ်။ အဝတ်အစားနဲ့ စောင်တွေပါ ခက်နေတယ်။" လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ကျေးရွာအနီးနားမှာဘဲ သေနတ် ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ အစားအသောက်ခက်ခဲပေမယ့် စစ်ရှောင်စခန်းမှာပဲ နေကြရတယ်လို့ ဆိုပါတယ်။

"မနေ့ညပစ်တာတော့ ‌လက်နက် အသေးလည်းပါတယ်။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြသံ ကြားရတယ်။ မနေ့က အရပ်မျက်နှာ နှစ်ဖက်ပေါ့။ အရှေ့ဘက်ရော၊ အနောက်ဘက်ရော နော့ဂူရွာ အရပ်မျက်နှာ နှစ်ဘက်မှာ ခဏ ခဏ လက်နက်ကြီးတွေပစ်တယ်။ ၅ မိနစ်၊ ၁၀ မိနစ် လောက်ကြာပစ်ပြီး နားလိုက် ပစ်လိုက် ပစ်နေကြတာ။ အင်း ဒီရွာနားက ရွာထဲကနေ ပစ်တာပေါ့။ ရွာထဲကနေ ရွာအပြင်ဘက်ကို ပစ်တာ။ သူတို့ စိတ်ထင့်တဲ့နေရာ ရမ်းသမ်း ပစ်‌နေကြတယ်။" လို့ စက်တင်ဘာ ၂၃ ရက်ညက ပစ်ခတ်မှုအကြောင်း ဒေသခံတစ်ဦးက ပြောပြပါတယ်။

 

စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ ပစ်ခတ်သံများမကြားရသော်လည်း စစ်တပ်က အရပ်ဝတ်နဲ့ ကျေးရွာအတွင်း သွားလာနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

နော့်ဂူ ဒေသခံများဟာ ယခင်ကလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တိုက်ပွဲငြိမ်သက်ရင် အိမ်ပြန်လေ့ရှိကြပါတယ်။

သို့သော် လက်ရှိအချိန်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက ကျေးရွာအတွင်း စခန်းချနေထိုင်ကာ ပစ်ခတ်မှုများ ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ ကြောက်လန့်ပြီး နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...