နော့်ဂူရွာက စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေ

နော့်ဂူရွာက စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ နော့်ဂူကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာအခက်အခဲ ကြုံနေရကြောင်း ‌စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

"အိမ်လည်းပြန်လို့မရ။ အစားအသောက်ကလည်း ခက်ခဲ။ အရမ်း ဒုက္ခရောက်နေပါတယ်။ အဝတ်အစားနဲ့ စောင်တွေပါ ခက်နေတယ်။" လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ကျေးရွာအနီးနားမှာဘဲ သေနတ် ရမ်းသမ်းပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ အစားအသောက်ခက်ခဲပေမယ့် စစ်ရှောင်စခန်းမှာပဲ နေကြရတယ်လို့ ဆိုပါတယ်။

"မနေ့ညပစ်တာတော့ ‌လက်နက် အသေးလည်းပါတယ်။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြသံ ကြားရတယ်။ မနေ့က အရပ်မျက်နှာ နှစ်ဖက်ပေါ့။ အရှေ့ဘက်ရော၊ အနောက်ဘက်ရော နော့ဂူရွာ အရပ်မျက်နှာ နှစ်ဘက်မှာ ခဏ ခဏ လက်နက်ကြီးတွေပစ်တယ်။ ၅ မိနစ်၊ ၁၀ မိနစ် လောက်ကြာပစ်ပြီး နားလိုက် ပစ်လိုက် ပစ်နေကြတာ။ အင်း ဒီရွာနားက ရွာထဲကနေ ပစ်တာပေါ့။ ရွာထဲကနေ ရွာအပြင်ဘက်ကို ပစ်တာ။ သူတို့ စိတ်ထင့်တဲ့နေရာ ရမ်းသမ်း ပစ်‌နေကြတယ်။" လို့ စက်တင်ဘာ ၂၃ ရက်ညက ပစ်ခတ်မှုအကြောင်း ဒေသခံတစ်ဦးက ပြောပြပါတယ်။

 

စက်တင်ဘာလ ၂၄ ရက်နေ့မှာတော့ ပစ်ခတ်သံများမကြားရသော်လည်း စစ်တပ်က အရပ်ဝတ်နဲ့ ကျေးရွာအတွင်း သွားလာနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

နော့်ဂူ ဒေသခံများဟာ ယခင်ကလည်း စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး တိုက်ပွဲငြိမ်သက်ရင် အိမ်ပြန်လေ့ရှိကြပါတယ်။

သို့သော် လက်ရှိအချိန်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက ကျေးရွာအတွင်း စခန်းချနေထိုင်ကာ ပစ်ခတ်မှုများ ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ ကြောက်လန့်ပြီး နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

 
 

 

 

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...