ဖားကန့်‌ Mytel တာဝါတိုင်တစ်တိုင် ထပ်မံဖောက်ခွဲခံရ

ဖားကန့်‌ Mytel တာဝါတိုင်တစ်တိုင် ထပ်မံဖောက်ခွဲခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မိုးပင်းရွာနှင့် ဆိုင်းရာ‌ကျေးရွာကြားရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင် ၁ တိုင် စက်တင်ဘာ ၂၁ ရက်ညက ထပ်မံဖောက်ခွဲခံရကြောင်း ဒေသခံများထံမှ သိရသည်။

"မနေ့ည ၇ နာရီ ၂၀ ဝန်းကျင်လောက်မှာ ဖောက်ခွဲခံရတာဟုတ်တယ်။ အသံကတော်တော်လေးကျယ်တယ်။ ကျောက်ဝိုင်းက လူတွေတောင်မှ အသံကြားတော့ လန့်ပြီး ပြေးကုန်ကြတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ည တစ်ကြိမ် ကျောက်သွေးတောင်ကျေးရွာနီးရှိ Mytel တာဝါတိုင်တစ်တိုင်လည်း ဖောက်ခွဲခံရပြီး ဖြစ်သည်။

"ဖားကန့်မှာ တာဝါတိုင်ဖောက်ခွဲခံရတာ ဒီတစ်ကြိမ်နဲ့ဆို (၂) ကြိမ် လောက်ရှိပြီ။ အရင်တစ်ခေါက်ကကျတော့ တာဝါတိုင်အရင်းနားမှာ မီးနည်းနည်းလောင်သွားရုံဘဲ ဒီ‌တစ်ခေါက်တော့ တိုင်ပါယိုင်သွားပြီတဲ့" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်တွင် ဩဂုတ်လ ၁၉ ရက်နေ့မှ ယနေ့ချိန်ထိ မိုဘိုင်းအင်တာနက်လိုင်းများနှင့် wifi internet လိုင်းများ ဖြတ်တောက်ခံသည်တွင် တစ်လကျော်ရှိလာပြီဖြစ်သည်။

"မိုဘိုင်းဒေသတာနဲ့ wifi လိုင်း မရတာ တစ်လကျော်လာပြီပေါ့နော်။ တစ်ချို့‌ကတော့  Fiber Connection ဖြင့်သာ IP star  internet  Connection တွေနဲ့ နည်းနည်းပါးပါး သုံးလို့ရတယ်လို့ ပြောကြတယ်။ ဒါပေမယ့် လိုင်းကတော့အရင်လောက်မကောင်းဘူးလို့‌ ပြောကြတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်သည် စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း ပထမဆုံး ရက်ရှည် အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်ဖြစ်သည်။

ယခုကဲ့သို့ အင်တာနက်လိုင်းဖြတ်တောက်ခံရခြင်းမှာ ဖားကန့်မြို့သည် ကမ္ဘာကျော် အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ နယ်မြေဖြစ်သည့်အပြင် စစ်ကောင်စီ၏ ဝင်ငွေအများဆုံးရရှိနေသည့် နေရာဖြစ်သည့်အတွက် စစ်ကောင်စီဘက်မှ လက်ဉီးမူ ရယူထားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကြား ဝေဖန်မူများရှိနေသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...