ရွှေတူးဖော်သူများ ဒီဇယ်စျေးနှင့် ကုန်စျေးနှုန်းမြင့်တက်မှုနှင့် ကြုံနေကြရ

ရွှေတူးဖော်သူများ ဒီဇယ်စျေးနှင့် ကုန်စျေးနှုန်းမြင့်တက်မှုနှင့် ကြုံနေကြရ

ဗန်းမောက်မြို့နယ်အတွင်းက ရွှေတူးဖော်နေသူများ ဒီဇယ်စျေးမြင့်တက်မှုများနှင့် ကြုံနေကြရကြောင်း ရွှေတူးဖော်နေသူများထံမှ သိရသည်။

“ကုန်စျေးနှုန်းကတော့ တဝက်လောက်တက်လာတာပေါ့၊ နိုင်ငံရေးကြောင့်လဲ ကုန်စည်စီးဆင်းမှုက တအားခက်ခဲနေတာလေ၊ အဲ့မှာစျေးတက်တာပဲ“ ဟု ဗန်းမောက်အနောက်ခြမ်းက ရွှေတူးဖော်နေသူတစ်ဦးက ဆိုသည်။

ယခု ရက်ပိုင်းတွင် ရွှေစျေးနှုန်းများလည်း မြင့်တက်လာခဲ့သော်လည်း ရွှေတူးဖော်မှုတွင်အသုံးပြုရသည့် ဒီဇယ်က စျေးပိုမြင့်တက်လာခဲ့ကြောင်း ၎င်းတို့က ပြောဆိုကြသည်။

“ဒီနေ့က ဒီဇယ်စျေး ဗန်းမောက်မှာက နှစ်သိန်းရှစ်သောင်း မှော်ထဲအရောက်ဆိုရင် သုံးသိန်းကျော်တယ်” ဟု ဗန်းမောက်မြို့နယ်အတွင်းက ရွှေတူးဖော်နေသူတစ်ဦးက ဆိုသည်။

ဒီဇယ်စျေးနှင့် တခြားသောကုန်စျေးနှုန်းများ မြင့်တက်လာမှုကြောင့် ရွှေရရှိမှုနည်းလျှင် လုပ်ငန်းရပ်နားရနိုင်မည့် အခြေအနေများရှိနေသည်။

ကုန်စျေးနှုန်းမြင့်တက်လာခဲ့သော်လည်း ရွှေတူးဖော်မှုတွင် ရွှေရရှိမှု ယခင်ထက် ပိုနည်းလာခဲ့ကြောင်း ပြောဆိုကြသည်။

“မျောသမားတွေအနေနဲ့တော့ အလုပ်နားရမယ့်အနေထားပေါ့ ရွှေထွက်နှုန်းကောင်းတဲ့လူတချို့ကတော့ ဆက်လုပ်ကြမှာပဲ ပုံမှန်လူတွေကတော့ အရှုံးပေါ်ပီး လုပ်ငန်းနားရဖို့ရှိတယ်” ဟု ရွှေတူးဖော်နေသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဗန်းမောက်မြို့နယ်တွင် ရှမ်းနီ၊ ကဒူး၊ ကနန်း လူမျိုးများနေထိုင်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ရွှေတူးဖော်မှုကို အဓိကလုပ်ကိုင်သည့် မြို့တစ်ခုလည်းဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...