အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေ

အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေ
ကိုဗစ်ပထမလှိုင်းတွင် ကျောင်းများဖွင့်လှစ်ခဲ့စဉ်
ကိုဗစ်ပထမလှိုင်းတွင် ကျောင်းများဖွင့်လှစ်ခဲ့စဉ်

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း လျော့ကျလာတာကြောင့် အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ မွန်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ပိတ်ထားတဲ့ ကျောင်းတွေအား သန့်စင်ရေးတွေပြုလုပ်နေပြီး ဆရာ/ဆရာမတွေကိုလည်း ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိ/မရှိကိုလည်း စစ်ဆေးပေးနေတယ်လို့ ဆိုပါတယ်။

ကျောင်းမဖွင့်ခင်မှာတော့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပိုးသတ်ဆေးဖြန်းဖို့ စီစဉ်ပေးသွားမှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ကိုဗစ် စည်းကမ်းချက်တွေနှင့်အညီ ကျောင်းတွေ ဖွင့်လှစ်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

“ကျောင်းပြန်ဖွင့်ဖို့က သန့်ရှင်းရေးတွေ လုပ်နေတယ်၊ နောက်ပြီး ပြည်နယ်အစိုးရကနေပြီးတော့ ကျောင်းမဖွင့်ခင်မှာ ဆေးဖြန်းဖို့ ကူညီ ဆောင်ရွက်မယ်၊ ကိုဗစ်ကာကွယ်ဖို့ အတွက်လည်း ပစ္စည်းတွေရယ် ရေအိမ် စနစ်တကျဖြစ်ဖို့ရယ် ဒီကိစ္စတွေကို စဆောင်ရွက် နေပါပြီး၊ ကျောင်းတွေကိုတော့ (၂၄) ရက်နေ့ထိတော့ ပိတ်ထားတာပေါ့၊ ဒါပေမယ့် ပြန်ဖွင့်မယ်ဆိုရင် အဆင်သင့် ဖြစ်အောင်တော့ အခုထဲက ကြိုးစားဆောင်ရွက်နေတာပေါ့” လို့ မွန်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကျောင်းသားမိဘတွေကတော့ ကိုဗစ်ကပ်ရောဂါနှင့်အတူ လတ်တလော ဖြစ်ပေါ်နေတဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ကျောင်းပြန်ဖွင့်မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

“ကျောင်းတွေကိုတော့ စစ်တပ်က ရောဂါတွေ ကြားထဲက အတင်းအကြပ် ဖွင့်ခဲ့တာလေး၊ နောက်သူတို့ ရောဂါကိုမထိန်းနိုင်လို့ ပြန်ပိတ်ခဲ့တာပေါ့၊ အခုပြန်ဖွင့် မယ်ဆိုတော့ ရောဂါလည်း ကြောက်ရ ဟိုနေရာမှာ ပေါက်ကွဲ ဒီနေရာမှာ ပေါက်ကွဲဆိုတော့ ကလေးတွေကို ကျောင်းသွားခိုင်ဖို့က မဖြစ်နိုင်တော့ဘူးပေါ့” လို့ ကျောင်းသားမိခင်တစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း စုစုပေါင်း (၁၅၀၀) ကျော် ရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ အခြေခံပညာကျောင်းတွေကို စက်တင်ဘာလ (၂၄) ရက်နေ့ထိ ပိတ်ထားမယ်လို့ ယခုလအစောပိုင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။

May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...