ဆားလင်းကြီးမြို့နယ်ရှိ ရဲတပ်ရင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

ဆားလင်းကြီးမြို့နယ်ရှိ ရဲတပ်ရင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ အမှတ် (၂၈) ရဲတပ်ရင်းကို စက်တင်ဘာ ၁၅ ရက် ညပိုင်းတွင် အမည်မသိအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အမည်မသိအဖွဲ့က ည ၈ နာရီခွဲမှာ တာဝေးပစ်နဲ့ စထုတယ်။ ရဲတပ်ရင်းဘက်ကလည်း လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ မိနစ် ၃၀ လောက်ပစ်ပြီး ငြိမ်သွားတော့ တာဝေးပစ်နဲ့ နှစ်ချက်ဆက်ထုတယ်။ တော်တော်ပြင်းပြင်းထန်ထန် ပစ်ခတ်ကြတယ်။ ည ၁၀ နာရီဝန်းကျင်လောက်အထိပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

နှစ်ဘက် ထိခိုက်ပျက်စီး၊ ကျဆုံးမှုအခြေအနေများကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

ယနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းတွင် ရဲတပ်ရင်းထဲသို့ ရဲတပ်သား အင်အား ၇၀ ဝန်းကျင် ထပ်မံရောက်ရှိလာသည်ဟု ဒေသခံကဆိုသည်။

“အရပ်အခေါ် လေထန်ကုန်းလို့ခေါ်တာပေါ့။ ရွှေတောင်ဦးဘုရားနဲ့နီးတော့ ရွှေတောင်ဦးကုန်းပေါ့။ အဲဒီမှာလည်း စစ်ကောင်စီတပ်အင်အား ၁၀၀ လောက် ချထားတယ်။ ရဲတပ်ရင်းနဲ့ နှစ်မိုင်အကွာလောက်မှာပေါ့။ ဘယ်ကိုချီတက်မယ်တော့ မသိဘူး” ဟု ဒေသခံကပြောသည်။

ဆားလင်းကြီးမြို့နယ်ရှိ အမှတ် (၂၈) ရဲတပ်ရင်းသည် ကြေးနီစီမံကိန်း၊ မြန်မာယမ်စီ ကုမ္ပဏီတည်ရှိရာ ကျေးစာကျရွာအနီးတွင် တည်ရှိသည်။

မကြာသေးခင်ရက်ပိုင်းအတွင်းက အဆိုပါရဲတပ်ရင်းမှ ရဲတပ်သားနှစ်ဦးသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ခဲ့ကြောင်း သိရသည်။

August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...